တောင်ကိုရီးယားနိုင်ငံတွင် ကိုရီးယား အက္ခရာသမိုင်းကြောင်းကို ခင်းကျင်းပြသထားသည့် ပြတိုက်တစ်ခုသည် ဖေဖော်ဝါရီ ၁ ရက်က မီးလောင်ခဲ့ပြီး အံ့အားသင့်ဖွယ် မီးခိုးလုံးများ ထွက်ပေါ်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။
National Hangeul Museum of Korea ပြတိုက်ခေါင်မိုးတွင် နံနက် ၈း၄၀ နာရီဝန်းကျင်၌ စတင်မီးလောင်ကျွမ်းခဲ့သည်ဟု ပြတိုက်တည်ရှိရာ ဆိုးမြို့လယ်ရှိ ဒေသဆိုင်ရာခရိုင်ရုံးက ပြောကြားခဲ့သည်။
မီးလောင်မှုကြောင့် “ဧရာမမီးခိုးလုံးကြီး” ထွက်ပေါ်ခဲ့သည်ဟု Yongsan ခရိုင်ရုံးက ပြောဆိုခဲ့သည်။
မီးလောင်မှုဖြစ်စဉ်တွင် ထိခိုက်ေ-သဆုံးမှု အသေးစိတ်အချက်အလက်များကို မသိရသေးသော်လည်း မီးသတ်သမားတစ်ဦးကို ဆေးရုံတင်ပေးခဲ့ရသည်ဟု ဒေသတွင်းရုပ်သံ YTN က ဖော်ပြခဲ့သည်။ အခင်းဖြစ်နေရာအနီးရှိ ဒေသခံများအနေဖြင့် နေအိမ်ပြတင်းများကို ပိတ်ထားကြရန် ခရိုင်ရုံးက သတိပေးခဲ့သည်။
မြို့တော်ဆိုးလ်မြို့လယ်တွင် တည်ရှိသည့် နိုင်ငံပိုင် ပြတိုက်အဆောက်အအုံသည် ၁၄၄၃ ခုနှစ်တွင် စတင်တီထွင်သော ထူးခြားသည့် ကိုရီးယားအက္ခရာနှင့် ဆက်စပ်သော အဖိုးမဖြတ်နိုင်သည့် ပစ္စည်းများနှင့် ရှေးဟောင်းရုပ်ကြွင်းများကို ထားရှိရာနေရာဖြစ်သည်။
Ref: သည်စထရိတ်တိုင်းမ်စ်