အန်ကာရာ၊မေ ၁၂
တုကီယေးသမ္မတအာဒိုဂန်သည် ယူကရိန်းသမ္မတနှင့်ဖုန်းပြောခဲ့ပြီး ရုရှားနှင့်ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရန်ကူညီပေးမည့် ၎င်းတို့၏ကတိကဝတ်ကိုပါ ထပ်လောင်းပြောကြားခဲ့ကြောင်း အာဒိုဂန်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
အာဒိုဂန်က ထိရောက်သည့်အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲများစတင်ရန်မရှိမဖြစ်လိုအပ်ကြောင်းနှင့် ပဋိပက္ခအဆုံးသတ်ရန်အတွက် သံတမန်နည်းလမ်းအရတွေ့ဆုံဆွေးနွေးရန်လည်း သက်ဆိုင်သူဘက်အားလုံးကိုတိုက်တွန်းခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ရုရှားနှင့်ယူကရိန်းကိုယ်စားလှယ်အဖွဲ့များကို တုကီယေးတွင် လက်ခံကျင်းပရန်ဆန္ဒရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
အာဒိုဂန်က ရုရှားသမ္မတပူတင်နှင့် စကားပြောပြီးနောက်တစ်ရက်တွင် ဇယ်လန်းစကီးနှင့်တွေ့ဆုံခဲ့ပြီးနောက် ၎င်း၏နိုင်ငံအနေဖြင့် အစ္စတန်ဘူလ်တွင် ရုရှားနှင့်ယူကရိန်းတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုထပ်မံကျင်းပပေးရန် အဆင်သင့်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
တနင်္လာနေ့က အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် အာဒိုဂန်က တုကီယေးသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးသံခင်းတမန်ခင်းတွင် အဓိကဇာတ်ဆောင်တစ်ဦးဖြစ်လာခဲ့သည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ