Thursday, May 22, 2025

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa...

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း...

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို...

လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက်...

လျှပ်စစ်သုံးယာဉ် (EV) များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆွေးနွေးနေသည်။ ယင်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မေ(၂၁)ရက်က အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)...
HomeInternationalတုကီယေးငလျင်ကြောင့်သေဆုံးသူများအား မြှုပ်နှံရန်ပင်အခက်အခဲဖြစ်နေဟုဆို

တုကီယေးငလျင်ကြောင့်သေဆုံးသူများအား မြှုပ်နှံရန်ပင်အခက်အခဲဖြစ်နေဟုဆို

ပါဇာဆစ်ခ်၊ဖေဖော်ဝါရီ ၁၈

တုကီယေးနိုင်ငံ ပါဇာဆစ်ခ်မြို့၌ လွန်ခဲ့သော ၁၁ ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျင်ကြောင့် ယခင်ကဘောလုံးကွင်းသည် ယခုအခါသေဆုံးသူများမြှုပ်နှံရာ သုဿန်အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး အမှိုက်ပုံများ၊အပျက်အစီးများနှင့်ပြည့်နှက်နေခဲ့သည်ဟုဖော်ပြထားသည်။

“သေဆုံးသွားတဲ့ကျွန်မတို့ရဲ့ဆွေမျိုးတွေကိုမြှုပ်နှံနိုင်ဖို့အတွက် ရုပ်အလောင်းပြန်ရဖို့ဆယ်ရက်လောက်စောင့်လိုက်ရပါတယ်” ဟု ၎င်း၏တူမ၊ တူမ၏ခင်ပွန်းနှင့် ကလေးနှစ်ယောက်အား မြှုပ်နှံသင်္ဂြိုဟ်ပေးနေသည့်အမျိုးသမီးတစ်ဦးကပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျင်ကြောင့် တုကီယေးနှင့်၎င်း၏အိမ်နီးချင်းဆီးရီးယား၌ ယနေ့အချိန်ထိလူပေါင်း ၄၃,၀၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။သေဆုံးသူများအား အစ္စလာမ်ဓလေ့ထုံးတမ်းအတိုင်း သင်္ဂြိုဟ်နိုင်ရန်ပြင်ဆင်ထားပြီး ရုပ်အလောင်းများမှာလည်း ပုံလျက်ရှိနေကာ မွတ်စလင်ဘာသာရေးဆရာတစ်ဦးက ဓလေ့ထုံးတမ်းအတိုင်း သင်္ဂြိုဟ်ပေးနိုင်ရန်အဆင်သင့်စောင့်ဆိုင်းနေသည်။

လူများသည်မိမိတို့၏ဆွေမျိုးများအား သင်္ဂြိုဟ်နိုင်ရန် ရုပ်အလောင်းများအား အိတ်များနှင့်သင်္ချိုင်းသို့ဦးစွာသယ်ဆောင်သွားကြပြီး ရုပ်အလောင်းများမြှုပ်နှံရန်မြေတူးနေသံများနှင့် ထုံးတမ်းစဉ်လာနှင့်အညီပြိုင်တူဆုတောင်းရွတ်ဆိုသံများလည်းဆူညံနေခဲ့သည်။

အစ္စလာမ်ထုံးတမ်းစဉ်လာအရ သေဆုံးသူများအား မြန်နိုင်သမျှမြန်မြန်မြှုပ်နှံရမည်ဖြစ်သည်။သို့သော်လက်ရှိအခြေအနေနှင့်ရုပ်အလောင်းများအား အပျက်အစီးများအောက်မှပြန်လည်ရရှိရန်ခက်ခဲနေမှုများကြောင့် ဓလေ့ထုံးတမ်းများသည်လည်း အခြေနေအရပြောင်းလဲနေပြီဖြစ်သည်ဟု ဘာသာရေးအကြီးအကဲတစ်ဦးကပြောကြားခဲ့သည်။

ရုပ်အလောင်းများအား မြှုပ်နှံရန်အချို့နေရာများ၌ အခက်အခဲရှိနေသဖြင့် သေဆုံးသူများအား မိမိတို့ဆွေမျိုးသားချင်းဖြစ်ကြောင်းအတည်ပြုပြီးပါက အခြားမြို့နေရာများသို့ရွှေ့ပြောင်းသင်္ဂြိုဟ်ရသည်အထိဖြစ်လာခဲ့သည်။

အသက်ရှင်ကျန်ရစ်သူအများအပြားသည်လည်း မိမိတို့ဆွေမျိုးများ၏ရုပ်အလောင်းများအား သင်္ဂြိုဟ်ခွင့်ရရန်ရှာဖွေစောင့်ဆိုင်းနေကြပြီး သောကြာနေ့ကမူ တုကီယေးတစ်နိုင်ငံလုံးမှ လူထောင်ပေါင်းများစွာသည် ယနေ့အချိန်အထိအပျက်အစီးများအောက်မှမသယ်ထုတ်နိုင်သေးသော သေဆုံးသူများအတွက် စုပေါင်းဈာပနတစ်ခုကိုလည်းပြုလုပ်ပေးခဲ့ကြသည်ဟုသိရသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံချက်ကို လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၁) နှင့် ချာနာဆွန်ကရမ်ရဲစခန်းတို့က ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံချက်သည် ဘန်ကောက်၏ အဓိကခရီးသွားခရိုင်များတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားဥပဒေများကို ချိုးဖောက်သည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဈေးရောင်းသူများ အထူးသဖြင့် လူကု-န်ကူးမှုများနှင့် ပြည်ပအလုပ်သမားများကို ခေါင်းပုံဖြ-တ်သည့် လုပ်ရပ်များအပေါ် တာဝန်ရှိသူများက...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် လက်ဝတ်ရတနာနှင့် မိုးကုတ်ကျောက်များ ထပ်မံတွေ့ရှိ

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလေ-ာင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလေ-ာင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။ ထိုသို့ရှာဖွေစဉ် (B)အဆောင်၊ G(8) အခန်းမှ တွေ့ရှိသော မြန်မာငွေ (၂၆၃၂၈၀၀၀)ကျပ်၊ ရွှေလက်ကောက် (၂၀)ကွင်း၊ ရွှေလက်စွပ်(၂၄)ကွင်း၊ရွှေဆွဲကြိုး (၉)ကုံး၊ ရွှေနားကပ် (၁၆)...

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို “ထူးထူးခြားခြား တိုးတက်မှု” အဖြစ် ဖော်ပြခဲ့ပြီး အဓိက ပါဝင်ပတ်သက်နေသူအားလုံးနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုကို ကိုးကားပြီး ပြောကြားခဲ့သည်။ မလေးရှားသည် အာဆီယံက ချမှတ်ထားသော အချက် ငါးချက်ပါ သဘောတူညီချက် နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံတွင်အားလုံးပါဝင်သောဆွေးနွေးပွဲများ ဖြစ်မြောက်ရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိုမိုကောင်းမွန်စွာရရှိရေးတို့အတွက် တက်ကြွစွာ တွန်းအားပေးလုပ်ဆောင်နေကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071