တီမောနိုင်ငံအနေဖြင့် မြန်မာအစိုးရကိုဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင်ဆန့် ကျင်သော လှုပ်ရှားမှုများဆောင်ရွက်ခြင်းတို့ကိုခွင့်ပြုမည်မဟုတ်ကြောင်း တီမောနိုင်ငံ နိုင်ငံခြားရေးနှင့် ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ် ကဆွေးနွေးပြောကြားခဲ့သည်။
၎င်းမှ စက်တင်ဘာ ၁၇ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်လာရောက်စဥ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် စက်တင်ဘာ ၁၈ ရက်ကတွေ့ဆုံချိန်၌ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-တီမောနှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိ ညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အ ညီ တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံကဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကိုတိုးမြှင့်ရန် အလေးထားဆွေးနွေးသဘောတူခဲ့ကြသည်။
ထို့ပြင် တီမောနိုင်ငံမှ မြန်မာအစိုးရကိုဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင်ဆန့် ကျင်သော လှုပ်ရှားမှုများဆောင်ရွက်ခြင်းတို့ကိုခွင့်ပြုမည်ဘဲ မြန်မာနိုင်ငံအစိုးရအား တီမောနိုင်ငံမြို့တော် ဒီလီ၌ မြန်မာသံရုံးလာရောက်ဖွင့်လှစ်ရန်ကမ်းလှမ်းခဲ့သည်။
ထို့အတူ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ အာဆီယံနိုင်ငံများကြားချုပ်ဆိုသည့် နှစ်နိုင်ငံ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ များအတွက် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံကြား ခရီး သွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာကင်း လွတ်ခွင့်သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
