Wednesday, December 17, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို...

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...
HomeNewsLocal Newsတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊အနုသုခုမ...

တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊အနုသုခုမ အဆို၊အတီး၊အကများ အရှည်တည်တံ့ခိုင်မြဲရေးကို ရှေးရှုဆောင်ရွက်သွားရမည်

တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊အနုသုခုမ အဆို၊အတီး၊အကများ အရှည်တည်တံ့ခိုင်မြဲရေးကို ရှေးရှုဆောင်ရွက်သွားရမည်

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်တင်ဘာ ၂၀ ရက်တွင်ပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အ ဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယနေ့မျက်မှောက်ကမ္ဘာမှာ နည်းပညာတွေနဲ့ရုပ် ဝတ္ထုပစ္စည်းတွေ အရှိန်အဟုန်နဲ့ လျင်မြန်စွာပြောင်းလဲတိုးတက်နေပါတယ် အဲဒီအရာတွေမှာ နယ်စည်းမခြား ပွင့်လင်းလွတ်လပ်မှုဆိုတဲ့ အယူအဆတွေနဲ့အတူ လူမှုကွန်ယက်ဆိုရှယ်မီဒီယာတွေဟာ အရေးပါတဲ့အခန်းကဏ္ဍ တစ်ရပ်ဖြစ် လာခဲ့ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အဆိုပါ လူမှုကွန်ရက်များအား အသုံးပြု၍ ပညာ ရေးနှင့်ကျန်းမာရေးတို့တွင် ကောင်းသည့်အကျိုး ကိုဆောင်ရွက်နိုင်သကဲ့သို့ မြန်မာနိုင်ငံ၏ နိုင်ငံ ရေး၊စီးပွားရေး၊လုံခြုံရေးနှင့်လူမှုရေးအပြင် ယဉ် ကျေးမှုရေးရာ အခန်းကဏ္ဍများအထိ မှေးမှိန်သေးသိမ်အောင်၊ညစ်နွမ်းအောင် ဝင်ရောက်ထိုးဖောက်မွှေနှောက်နိုင်သည့် အကြောင်းများလည်း ရှိနေသည်ဟု ပြောသည်။

“အဲဒီလူမှုကွန်ရက်တွေကပဲ နိုင်ငံရဲ့ရေမြေဒေသ သဘာဝလူမှုဘဝ ပကတိအခြေအနေနဲ့ဆက်စပ်မှုမရှိတဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အစွန်းရောက် အ တွေးအခေါ်အမူအကျင့်တွေကို အနုပညာဆိုတဲ့ လူငယ်လူရွယ်အကြိုက်မျက်နှာဖုံးတပ်ပြီး ထိုးဖောက်ဝင်ရောက်လျက်ရှိပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အနုသုခုမပညာရပ်သည် နက်နဲသိမ်မွေ့သည့် ပ ညာရပ်ဖြစ်၍ စိတ်ခံစားမှုအား နှိုးဆွလွှမ်းမိုးနိုင်စွမ်းကြီးမားကာ ရိုင်းသည်ကိုယဉ်အောင်၊ယဉ်သည်ကို ရိုင်းအောင်ပြုနိုင်စွမ်းရှိသည်ဟု ပြော သည်။

ထို့ကြောင့် ထိရောက်မှုစွမ်းအားကြီးမားထက် မြက်သည့် အနုသုခုမပညာရပ်များမှ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမပညာရပ်များ၏ အဆို၊အ က၊အရေး၊အတီး ပြိုင်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရန် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ အလေးအ နက်ထားကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောသည်။

“အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးနဲ့ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊တိုင်းရင်း သားအချင်းချင်းချစ်ကြည်ရင်းနှီးမှုနဲ့သွေးစည်း ညီညွတ်မှု ပိုမိုခိုင်မြဲရေး၊တိုင်းရင်းသားတွေရဲ့ ရိုး ရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ အနုသုခုမ အ ဆို၊အတီး၊အကတွေ အရှည်တည်တံ့ခိုင်မြဲရေးကို ရှေးရှုဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် မိမိတို့ ရိုးရာ၊ယဉ်ကျေးမှုနှင့်အနုသုခုမများကို မြတ်နိုးခုံမင်စွာလေ့လာလိုက်စားပြီး အနာဂတ် ကာလများတိုင် ပခုံးပြောင်းလက်ဆင့်ကမ်းသယ် ဆောင်သွားလိုစိတ်များကိန်းအောင်းရှင်သန်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့ ၌ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ခဲ့ပြီဖြစ်တဲ့ ဟာသလူရွှင်တော် ညောင်ညောင်

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။ ညောင်ညောင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး မကြာသေးခင်ကမှ ကျန်းမာရေး ပြန်ကောင်းလာတဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ဖို့ စတင်ကြိုးစားနေချိန်မှ အခုလို စိတ်မကောင်းစရာ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ညောင်ညောင် ကွယ်လွန်တဲ့ သတင်းကို အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ လွင်မိုးက 'ကိုညီရေ . . . .ဒီတစ်ခါတော့ တကယ်နှုတ်ဆက်သွားပြီပေါ့။ သံသရာတစ်ကွေ့...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071