Looking for something?

Explore the website

Looking for something?

Wednesday, August 6, 2025

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့်...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ...

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း...

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC...

သီတဂူဆရာတော်ကြီးမှ ကရင်ပြည်နယ်ရှိ ရေ‌ဘေးသင့်သူများအတွက် ငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်း

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ကရင် ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူများအတွက် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁,၀၀၀)အား သီတဂူဆရာတော်ကြီး၏ညွှန်ကြားမှုဖြင့်...
HomeNewsLocal Newsတိုင်းရင်းသားများအားလုံး ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးမနစ်နာစေရန် ကျင်းပမည့်ရွေး...

တိုင်းရင်းသားများအားလုံး ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးမနစ်နာစေရန် ကျင်းပမည့်ရွေး ကောက်ပွဲအား နေရာအနှံ့အကြားအလပ်မရှိ အောင်မြင်စွာကျင်းပသွားမည်

နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား တိုင်းရင်းသားများအားလုံး ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေရန် နေရာအနှံ့အကြားအလပ်မရှိကျင်းပရေးနှင့် PR စနစ်ဖြင့်ကျင်းပရေးတို့နှင့်ပတ်သက်၍ ယာယီသမ္မတဦးမြင့်ဆွေကမြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီအစည်းအဝေး(၁/၂၀၂၃) ကျင်းပစဥ် တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဒီမိုကရေစီအခွင့်အရေးများမဆုံးရှုံးမနစ်နာစေရန် ကျင်းပမည့်ရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအား နေရာအနှံ့အကြားအလပ်မရှိ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်တိုင်းရင်းသားအားလုံးအချိုးကျကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်လာစေရန် အကောင် အထည်ဖော်ဆောင်ရွက်နေသည်ဟု ဆိုသည်။

“အဲဒီလို ဆောင်ရွက်နိုင်ဖို့ လမ်းပမ်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ်ပါတယ်၊မလွဲမ သွေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွေဖြစ်ပါတယ်”ဟု ယာယီသမ္မတဦးမြင့်ဆွေကပြောကြားခဲ့သည်။ 

အချို့ EAO များသည် မဲမသမာသူများနှင့်ပူးပေါင်းပြီးနိုင်ငံအတွင်းအကြမ်းဖက်ဖြစ်စဉ်များကို ရွေးချယ်ဆောင်ရွက်ခဲ့၍ နယ်မြေတည်ငြိမ် အေးချမ်းမှုနှင့်ဝေးကွာခဲ့ကာ တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ရပ်ရွာအေးချမ်းသာ ယာရေးကို အလေးထားဆောင်ရွက်ခဲ့သဖြင့် လက်ရှိ နိုင်ငံအခြေအနေသည် ယခင်ကထက် တည်ငြိမ်မှုရှိလာခဲ့ပြီး ပြည်တွင်း၊ပြည်ပဆန့်ကျင်ဘက်အဖွဲ့အစည်းများမှ နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရေးအတွက် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲအားပျက်ပြားစေရန် နည်းလမ်းမျိုးစုံသုံးကာ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။

“အစိုးရ ၊ တပ်မတော်အနေနဲ့ ပြည်တွင်း၊ပြည်ပတားဆီးနှောင့်ယှက်မှုတွေ၊ အခက်အခဲတွေကြားကကြံ့ကြံ့ခံပြီး နိုင်ငံတော်ရဲ့ အမျိုးသားအကျိုး စီးပွားဖြစ်တဲ့ “ဒို့တာဝန်အရေး ၃ ပါး”ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာကို အသိအမှတ်ပြုပါတယ်”ဟု ယာယီသမ္မတဦးမြင့်ဆွေကပြောသည်။

မိမိတို့နိုင်ငံတွင် အခက်အခဲအကြပ်အတည်းများ၊ ကြီးမားသည့်အငြင်းပွားမှုများ ပေါ်လာတိုင်းရှေ့ ကထွက်၍ ကာကွယ်ရပ်တည်ပေးခဲ့သည်မှာ တပ်မတော်ဆိုသည့် ခိုင်မာစနစ်ကျသော အဖွဲ့အစည်း (Institution)ပင်ဖြစ်သည်ဟု ဆိုသည်။

ယခင်အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲ မဲမသမာမှုများကြောင့် နိုင်ငံတော်တာ ဝန်များအား နစက အစိုးရမှရယူခဲ့ရခြင်းဖြစ်ကာ နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းသည့်လမ်းခရီးမတိမ်းချော်စေရန် တပ်မတော်အနေဖြင့် ရွေး ကောက်ပွဲနှင့်သက်ဆိုင်သည့် အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များအား ဖြေရှင်းပေးရန်၊ဆွေးနွေးညှိနှိုင်းပေးရန် အကြိမ်ကြိမ်ကြိုးပမ်းတိုက်တွန်းခဲ့သည်ဟု ဆိုသည်။

ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာ၍ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထား သည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ” သည် နိုင်ငံတော်တာဝန်အား ဖွဲ့စည်းပုံအခြေခံဥပ ဒေမှ ပြဋ္ဌာန်းထားသည့် ကာလအတိုင်းတာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။

“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုအပေါ် နောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အ ခြေခံမဲစာရင်းတွေ မှန်ကန်စေဖို့ဟာ အဓိကကျတဲ့အတွက် လူဦးရေစာရင်းတိကျခိုင်မာစေဖို့ဆောင်ရွက်သင့်တဲ့ အခြေအနေတွေ နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့အတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်း ဆောင်တွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးနေတာကိုတွေ့ရပါတယ်”ဟု ယာယီသမ္မတဦးမြင့်ဆွေကပြောသည်။

ထို့ပြင် NCA နှင့်ပတ်သက်၍ စာချုပ်ပါအချက်အ လက်များအား နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် အစဉ်အမြဲအလေးထားလိုက်နာအ ကောင်အထည်ဖော်နေသည်ကိုတွေ့ရှိရသည်ဟု ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အခြားသော မဲခေါင်နှင့်ဆက်စပ်သောပူးပေါင်းဆောင် ရွက်မှုယန္တရားများအနက် အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် (၉)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများမှ စီမံ ကိန်းပေါင်း(၉၈၄)ခုကိုပံ့ပိုးကူညီခဲ့ကြသည်ဟု အ ခမ်းအနားတက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၁၇...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ ပြုနိုင်ရန်အတွက် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ ခန်အပ်တာဝန်ပေးခြင်းအား အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရကောင်စီမှ အမိန့်အမှတ် ၆/၂၀၂၅ ဖြင့် ယနေ့ သြဂုတ် ၅ ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းပြော

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC U-20 Women's Asian Cup ခြေစစ်ပွဲအုပ်စု (D)၏ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ "ကျွန်တော့်ကို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေရော၊ ကျွန်တော်တို့ရော စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပြု ပြင်တည်ဆောက်ပြီးတော့ ပြိုင်ပွဲဝင်သွားမှာပါ။ ယုံကြည်မှုလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်းက အကောင်းဆုံးရလဒ်ကို ရယူပြီးတော့ အောင်မြင်မှုရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ဒီပွဲကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071