တိုင်ဖွန်းမုန်တိုင်း ကာဂျီကီသည်အင်္ဂါနေ့ညနေပိုင်းတွင် နန်ပြည်နယ်သို့ ဝင်ရောက်တို-က်ခတ်ချိန်၌ အားပျော့သွားမည်ဖြစ်ကြောင်း ထိုင်း မိုးလေဝသဌာနက တနင်္လာနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဗင့်ချ်မြို့အရှေ့တောင်ဘက် ၂၀၀ ကီလိုမီတာခန့်အကွာ တောင်တရုတ်ပင်လယ်ပြင်တွင် တည်ရှိနေပြီး အနောက်မြောက်အရပ်သို့ ဦးတည်ရွေ့လျားနေသည်ဟု မိုးလေဝသဌာနညွှန်ကြားရေးမှူးချုပ် ဆူကန်ယာနီး ယာဝင်ချန်းက တနင်္လာနေ့နံနက်ပိုင်းတွင် ပြောဆိုသည်။
မုန်တိုင်းသည် ဗင့်ချ်မြို့အတွင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် တနင်္လာနေ့တွင် အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိသွားမည်ဟုလည်း သူက ပြောဆိုခဲ့သည်။
မုန်တိုင်းငယ်သည် အင်္ဂါနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံကို ဝင်ရောက်မည်ဖြစ်ကာ ယင်းနောက် မုန်တိုင်းသည် လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် အားပျော့သွားဖွယ်ရှိကာ ထိုင်းနိုင်ငံ နန်ပြည်နယ်ကို အင်္ဂါနေ့ ညနေပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။
ယင်း၏ အကျိုးဆက်အနေဖြင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တနင်္လာနေ့မှ အင်္ဂါနေ့အထိ၊ မြောက်ပိုင်းတွင် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်လိမ့်မည်ဟု ဆိုထားသည်။
Ref: ဘန်ကောက်ပို့စ်
