Thursday, May 22, 2025

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa...

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း...
HomeCelebrities' Newsတိုင်းရင်းသားအနု ပညာရှင်တို့ရဲ့ ပြည်တွင်း...

တိုင်းရင်းသားအနု ပညာရှင်တို့ရဲ့ ပြည်တွင်း စစ်ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးစကားသံများ

PPP (1)

မြန်မာပြည်ဟာ လွတ်လပ်ရေး ရရှိပြီးကတည်းက နှစ်ပေါင်း ၆ဝ ကျော်မျှ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုး များကို ဒီနေ့ထိတိုင် ခံစားနေကြရ ပြီး အထိနာဆုံးကတော့ တိုင်းရင်းသားလူမျိုးတွေက အများ ဆုံးပဲဖြစ် ပါတယ်။ ကချင်ပြည်၊ ရှမ်းပြည်နယ်နဲ့ ကိုးကန့် ဒေသတို့ဟာ ပြည်တွင်းစစ် စဉ်ဆက် မပြတ်ဖြစ်ပွားခဲ့ကြ လို့ စစ်ဘေး ရှောင်စခန်းများမှ စစ်ဘေးဒဏ်သင့် တိုင်းရင်း သားပြည်သူ များရော၊ တိုင်း တစ်ပါးဆီ စစ် ရှောင်ထွက်ပြေးခိုလှုံသွားကြကာ အတိဒုက္ခ ရောက် ရှိနေကြတဲ့ တိုင်းရင်းသား ပြည်သူများပါ ခုထိတိုင် မိမိတို့နေရပ်ပြန်ကာ မိမိတို့ မိသားစု အတူ နေထိုင်ကာ မိမိတို့ လူမှုဘဝများ တည်ငြိမ် အေးချမ်းစွာ တည်ဆောက်ပျော်ရွှင်နေထိုင်ခွင့်များ မရရှိသေးကြဘဲ နေ့သေမလား၊ ညသေမလား အနာဂတ် ပျောက်နေကြ ရှာပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ ဦးဆောင်တဲ့ အရပ်သားအစိုးရသစ်ကလည်း ၂၁ရာစု ပင်လုံ (ခ)ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခဲ့ပြီး နိုင်ငံရေးဆွေးနွေးအဖြေရှာမှုတို့ဖြင့် ပြည်တွင်း စစ်ချုပ်ငြိမ်းကာ ထာဝရ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့အတွက် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိနေသလို၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုပြည်သူလူထုနဲ့ အရပ်ဘက် လူမှုအဖွဲ့ အစည်း များကလည်း ပြည်တွင်းစစ် ရပ်တန့်ပစ်ကာ ထာဝရငြိမ်း ချမ်းရေးတည်ဆောက်ရယူဖို့ အင်တိုက် အားတိုက် လူထုလှုပ်ရှားမှုဖြင့် ဆန္ဒပြုတောင်းခံနေကြရာမှာ တိုင်းရင်းသား အနုပညာရှင်တွေလည်း ပါဝင်နေကြတာ မို့ သူတို့ရဲ့ ငြိမ်းချမ်းရေးအမြင် စကားသံများမေးမြန်းကာ စုစည်းဖော်ပြ လိုက်ရ ပါတယ်။

အောင်လအန်ဆိုင်း

” စစ်ပွဲတွေဖြစ်တာ ကျွန်တော် သိပ်ကိုစိတ်မကောင်းဘူး။ အားလုံးကို ပြောချင်တာက မြန်မာတွေအချင်း ချင်းအဲလို စစ်ခင်းနေကြတာ ကျွန် တော်စိတ်ထဲ ခံစားရတယ်။ မြန်မာ ပြည်သူပြည်သားတွေကိုလည်း အားလုံးကို ကျေးဇူးတင်တယ်။ ကျွန်တော့် ကို ဒီလောက်အားပေးမယ် မထင်ခဲ့ ဘူး။ အဲဒီအတွက်ကျေးဇူး တင်တယ်။ မြန်မာပြည်သူပြည်သားအားလုံးကို တအားချစ်တယ်လို့ ပြောချင်ပါတယ်”

L ဘောက်နူး

” စစ်ဖြစ်တယ်ဆိုရင် အကုန်လုံး ထိခိုက်ကြတယ်။ ပြည်သူတွေမှ မဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွား အဘက်ဘက်က ထိခိုက်တယ်။ အကုန်လုံး တိုးတက်မှုနှောင့်နှေးကုန် တယ်။ ပညာရေးလည်း နှောင့်နှေး တယ်။ စစ်ဘေးရှောင် ပြည်သူတွေက တစ်နိုင်ငံတည်းမှာနေတဲ့ လူတွေ အချင်းချင်းတောင်မှ သူတို့ခံစားခွင့် တွေ ဆုံးရှုံးနစ်နာရတယ်။ ညီမ အနေနဲ့စစ်ဘေးရှောင် ပြည်သူ တွေကို ကူညီပေးဖူးပါတယ်။ ရှမ်းပြည်မှာလည်း လိုအပ်တဲ့အသုံး အဆောင်ပစ္စည်းတွေကို ကူညီပေး ဖူးပါတယ်။ နောက် လည်းကူညီပေး ဖို့ရှိပါတယ်။ စစ်ဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်။ ဒါပေမဲ့ နည်းတာနဲ့၊များတာပဲ ကွာတယ်။ မဖြစ်ရင်တော့ ကောင်းပါတယ်။ စစ်ဖြစ်ရင် နိုင်ငံ အတွက်တိုးတက် နှောင့်နှေးမှုတွေရှိ တယ်။ ဒီလိုမျိုးမဖြစ်အောင်လို့ပဲ အမြဲတမ်းငြိမ်းချမ်းပါစေလို့ဆု တောင်းနေရတယ်”

နန်းခင်ဇေယျာ

” စစ်ပွဲတွေဖြစ်တယ်ဆိုရင် ပြည် သူတွေအတွက် တအားနစ်နာပါတယ်။ စီးပွားရေးတွေလည်း ကျဆင်း တယ်။ သွားလာမှုတွေလည်း ပိတ်ပင် ရတယ်။ ဒါကြောင့် ပြည်သူတွေစိတ် ဆင်းရဲကြတယ်။ နန်းခင်တို့ဆီမှာ လွတ်လပ်ရေးရနေတယ်။ ဒါပေမဲ့ တချို့နေရာလေးတွေမှာ စစ်ပွဲလေး တွေ ရှိနေကြသေးတယ်။ ဒါကိုတခြား နိုင်ငံတွေက ကြည့်မယ်ဆိုရင်လည်း စစ်တွေဖြစ်နေတုန်းဆိုရင် ကိုယ်တွေ ရဲ့ မြန်မာပြည်လည်း Image အနေနဲ့ဂုဏ်သိက္ခာကျဆင်းတယ်။ Peace ဆိုတဲ့ ငြိမ်းချမ်းရေးကို လူတိုင်းက လိုချင်တာပါပဲ။ တစ်ပြည် လုံးငြိမ်းချမ်းရေးရရင် ပညာရေး၊ ကျန်းမာရေးအဘက်ဘက်က တိုး တက်လာပြီး နိုင်ငံလည်းဖွံ့ဖြိုးမယ် ပေါ့။ စစ်တွေကြောင့်ဆိုရင် စီးပွား ရေးကျဆင်းလာမယ်။ သွားလိုတဲ့ နေရာကိုလည်း အလွယ်တကူ သွားလာလို့မရဘူး။ စစ်ဖြစ်နေတဲ့နေရာက ပြည်သူတွေဆိုရင် ဒီဒေသမှာ မွေး ဖွားတဲ့အတွက် သိမ်ငယ်စိတ်တွေ ဝင်လာကြမှာပါ။ နန်းခင်တို့အနေနဲ့က ဒီစစ်ပွဲတွေမှာ ပါဝင်လို့လည်းမရဘူး။ ဒါကြောင့် ကြားကနေပဲ စစ်ပြေငြိမ်းဖို့ရယ်၊ Peace ဆိုတဲ့ ငြိမ်းချမ်းရေးရအောင် ဆုတောင်းပေး ဖို့ပဲရှိပါတယ်။ စစ်ပွဲတွေနဲ့ ဝေးကွာပြီး အဘက်ဘက်က အဆင်ပြေကြပါ စေလို့ နန်းခင်တို့ ဆုတောင်းရမှာပါ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက တော့ နန်းခင်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလုပ်တဲ့ပွဲတွေမှာပါဝင်တယ်။ ငြိမ်းချမ်းရေးသဝဏ်လွှာ ထိုးတဲ့ ပွဲတွေတက်တယ်။အခု နောက်ပိုင်းတော့ သိပ်မလုပ်ဖြစ်တာပါ။ နန်းခင်ကတော့ တစ်ပြည်လုံး ငြိမ်းချမ်းပါစေ။ တစ်ပြည်လုံးငြိမ်းချမ်းမှ အရာအားလုံး တိုးတက်လာနိုင် မှာ ဖြစ်တဲ့အတွက်ကြောင့် စီးပွားရေး၊ လူမှုရေးအရာအားလုံး တိုးတက်လာ နိုင်မှာဖြစ်တဲ့အတွက်ကြောင့် စစ်ပွဲ တွေရပ်ကြပါ။ စစ်ဘေးသင့် ပြည်သူတွေကို စာနာကြပါ”

မာရီကိုးလ်

” စစ်ပွဲဆိုတာမဖြစ်တာအကောင်းဆုံးပါပဲ။ ဖြစ်လာရင်လည်း ကိုယ့်တိုင်းရင်းသားတွေ၊ ကိုယ့်လူမျိုးတွေ ထဲကပဲနစ်နာကြရတယ်။ အသက် ဆုံးရှုံးကြရတာပါ။ ညီမ အဖေကိုယ် တိုင်ကလည်း စစ်သားပါပဲ။ စစ်တပ်ထဲမှာလည်း လက်အောက် ငယ်သားတွေ အများကြီးအသက်ဆုံး ရှုံးကြရ တယ်။ စစ်ဆိုတာက အသက်ပေါင်း များစွာ စတေးရတယ်။ ပေးဆပ်ရ တယ်။ ညီမကတော့ စစ်ဆိုတဲ့ အရာ ကိုလုံးဝမဖြစ်စေချင်ပါဘူး။ တိုက်ပွဲ ကိုတော့ ညီမမမြင်ဖူးဘူး။ ညီမတို့က ကိုယ့်အိမ်မှာ အေးအေးဆေးဆေး နေကြရပေမယ့် စစ်ဖြစ်နေတဲ့ဒေသ တွေမှာတော့ ထိတ်လန့်မှုတွေနဲ့ အမြဲ ရင်ဆိုင်ကြရတာပါ။ ပညာရေး၊ ကျန်း မာရေး၊ အစစအရာရာ နောက်ကျရ တယ်။ နောက်တစ်နေ့စိုးရိမ်မှာတွေ ပဲရှိရတာပါ။ ဒါကြောင့် စစ်ပွဲ တွ အမြန်ဆုံးရပ်တာ အကောင်းဆုံးပါပဲ။ ညီမကစစ်ဘေးရှောင်ပြည်သူတွေ အတွက်တော့ ပရဟိတပွဲတွေ မလုပ် ဖူးသေးဘူး။ ဒါပေမဲ့ညီမ တတ်နိုင်သ လောက်ကူညီသွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူသားတွေ အားလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင်တိုက်ပွဲတွေအားလုံးအပြီးတိုင်ရပ်ပေးစေချင်ပါတယ်”

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071