ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု နှင့် ပတ်သက်ပြီး ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးရန်နှင့် ဩဂုတ်လ (၂၅) ရက်မှ (၂၉) ရ က်အထိ ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် APG နှစ်ပတ်လည် အစည်းအဝေးနှင့် သင်တန်းနှင့် နည်းပညာပေးအပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများနှင့် ပတ်သက်၍ ယမန်နေ့ ဩဂုတ်လ (၁၄)ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ (၁၅)ကြိမ်မြောက် တိုးတက်မှု အစီရင်ခံစာအပေါ်ထပ်မံမေးမြန်းလာသည့် မေးခွန်းများ နှင့် စပ်လျဉ်း၍ စက်တင်ဘာ (၄) ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မက္ကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပမည့် အာရှ-ပစိဖိ တ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) ၏ မျက်နှာစုံညီအစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးနိုင်ရန် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ညှိနှိင်းဆွေးနွေးရန်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ က ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် APG နှစ်ပတ်လည် အစည်းအဝေးနှင့် သင်တန်းနှင့် နည်းပညာပေးအပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနနှင့် တပ်ဖွဲမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က လည်းကောင်း ရှင်းလင်းဆွေးနွေးမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
