Monday, July 14, 2025

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...

အမေရိကန်သွင်းကုန်ကိုအခွန်ကင်းလွတ်ခွင့်ပို‌ပေးရန် ထိုင်းစဉ်းစားနေ         

ထိုင်းနိုင်ငံသည်အမေရိကန်သွင်းကုန်များကို ပိုမို အခွန်ကင်းလွတ်ခွင့်ပြုရန် စဉ်းစားနေသည်ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။       အစိုးရသည် အခွန်စည်းကြပ်မှုများ၏ သက်ရောက်မှုကို သက်သာလျော့ပါးစေရန် အတိုးနှုန်းသက်သာသည့် ချေးငွေများအတွက် ပြင်ဆင်နေသည်ဟုလည်း...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်း

ဇူလိုင် ၁၄ ရက်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုစာသင် ရဟန်းသံဃာ(၁၁၇)ပါးအတွက် မှတ်စုစာအုပ်များနှင့် စာရေးကိရိယာများ၊ ပညာရေးငွေပဒေသာပင်...

မြန်မာ့လက်ရွေးစင် ယူ -၂၃ အသင်း...

အာဆီယံ ယူ -၂၃ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ -၂၃ အသင်းသည် ယနေ့ ဇူလိုင် (၁၄)ရက် နံနက်ပိုင်းက...
HomeNewsLocal Newsတိုက်ပွဲ ဘယ်လောက်ဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးမှုနှင့်...

တိုက်ပွဲ ဘယ်လောက်ဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးမှုနှင့် သာ အဆုံးသတ်ရမည်ဟု ALP ပါတီ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ပြော

တိုက်ပွဲ ဘယ်လောက်ဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးမှုနှင့် သာ အဆုံးသတ်ရမည်ဟု ALP ပါတီ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ပြော
စစ်ရေးတင်းမာမှုများ မည်မျှပြင်းထန်နေပါစေ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တွေ့ဆုံနွေးနွေးရေးကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါ တီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြော သည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း AA နှင့် မြန်မာ့တပ်မတော်အကြား စစ်ရေးတင်းမာနေမှုအပေါ် ALP ၏ သဘောထားအမြင်ကို ပေါ်ပြူလာနယူးစ်က မေးမြန်းစဉ် ၎င်းက ပြန် လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲကို တိုက်ပွဲနဲ့ အဆုံးသတ်တယ်ဆိုတာ မရှိသ လောက်ပဲလို့ပဲ ကျွန်မတို့ ပြောချင်တယ်။ ဘယ်လိုပဲဖြစ် ဖြစ် စစ်ရေး ဘယ်လောက်ပဲ တင်းမာ တင်းမာ၊ အဆုံး သတ်ခြင်းဟာ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ပဲ အဆုံးသတ်တာ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံရေး‌ ဆွေးနွေးပွဲကို ပြောကို ပြောလာရမယ်လို့ ကျွန်မတို့တော့ ယုံကြည်ထားတယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစက အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသော် လည်း AA အပါအဝင် အဖွဲ့အချို့က လက်ခံတွေ့ဆုံ ငြင်း ဆန်ထားခြင်း ဖြစ်သည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်က စစ်အင် အားတိုးချဲ့မှုများ လုပ်ဆောင်လာရာမှစတင်ကာ မြို့နယ် အချို့တွင် AA နှင့် မြန်မာ့ တပ်မတော်ကြား စစ်ရေးတင်း မာမှုများ ဖြစ်ပေါ်နေပြီး အပြန်အလှန် ဖမ်းဆီးမှုများကို လုပ်ဆောင်လျက်ရှိသည်။
ယင်းကဲ့သို့ လုပ်ဆောင်နေသည့်အတွက် ရခိုင်ပြည်သူ လူထုအနေဖြင့် ကျီးလန့်စာစား ဘဝရောက်နေရကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ပေါ်ပြူလာနယူးစ်သို့ ပြောကြားထားသည်။
လက်ရှိတွင် ALP ပါတီအပါအဝင် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ (၇) ဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစက အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ထားပြီး ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် အလားအလာကောင်းများကို မြင်တွေ့ရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် ပဋိပက္ခများအတွင် ပါဝင်ပတ်သက်သူ အားလုံးတွေ့ဆုံဆွေးနွေးမှ အောင်မြင်နိုင်မည် ဖြစ်ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ထပ်မံပြောဆိုသည်။
“မြန်မာ့နိုင်ငံရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာဖို့ဆိုရင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ဖို့လိုတယ်။ ပြဿနာထဲမှာ ရှိနေတဲ့သူ အားလုံးပါဝင်ဖို့လိုတယ်ဆိုတာပဲ ကျွန်မပြောပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့ရက်ပိုင်းအတွင်းက KNU ထိန်းချုပ်နယ်မြေအတွင်းရှိ AA ၏ တပ်စခန်းတစ်ခုကို တပ်မတော်က လေကြောင်း မှ တိုက်ခိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင် (၆) ဦး သေဆုံးကာ အဆောက်အဦအချို့ ပျက်စီးခဲ့သည့်နောက် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တွေ့ဆုံဆွေးနွေးရေးကိစ္စ ပို၍ အလှမ်းဝေးသွားကြောင်း ပြောကြားထားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခု ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အ ဖြစ် သတ်မှတ်သည်ဟုဆိုကာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဖိတ်ခေါ်မှုကို အဖွဲ့အချို့က လက်ခံဆွေးနွေးခဲ့သော်လည်း KIA ၊ KNU၊ AA၊ MNDAA၊ TNLA တို့က တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခြင်း မရှိပေ။
တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် လက်ခံထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSP P/SSA)အဖွဲ့နှင့်လည်း တပ်မတော်နှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။           ပေကျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံစလုံး၏ စိုးရိမ်မကင်းမှုများကို အပြန်အလှန်အလေးထားသင့်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးက တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်သင့်ကြောင်း ဟန်က ပြောကြားခဲ့သည်ဟုလည်း ရှင်းဟွာက ဖော်ပြခဲ့သည်။         အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင်လ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းတွင် ပြုလုပ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) အောက်ရှိ ဒေသတွင်း လုံခြုံရေးအစည်းအဝေးကို...

အမေရိကန်သွင်းကုန်ကိုအခွန်ကင်းလွတ်ခွင့်ပို‌ပေးရန် ထိုင်းစဉ်းစားနေ         

ထိုင်းနိုင်ငံသည်အမေရိကန်သွင်းကုန်များကို ပိုမို အခွန်ကင်းလွတ်ခွင့်ပြုရန် စဉ်းစားနေသည်ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။       အစိုးရသည် အခွန်စည်းကြပ်မှုများ၏ သက်ရောက်မှုကို သက်သာလျော့ပါးစေရန် အတိုးနှုန်းသက်သာသည့် ချေးငွေများအတွက် ပြင်ဆင်နေသည်ဟုလည်း ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။           ထိုင်းနိုင်ငံအနေဖြင့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော သြဂုတ် ၁ ရက် မတိုင်မီ သဘောတူညီချက်တစ်ခု မရရှိခဲ့ပါက ဝါရှင်တန်၏ ၃၆ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ Ref: သည်အီကော်နောမစ်တိုင်းမ်စ်

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်း

ဇူလိုင် ၁၄ ရက်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုစာသင် ရဟန်းသံဃာ(၁၁၇)ပါးအတွက် မှတ်စုစာအုပ်များနှင့် စာရေးကိရိယာများ၊ ပညာရေးငွေပဒေသာပင် အလှူငွေ (၃၅)သိန်းတို့ တိပိဋကယောဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ တရားတော်နာ ရေစက်ချခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဇူလိုင်လ (၁၁)ရက်နေ့တွင်လည်း မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)မှ ဗလာစာအုပ်ဒါဇင် (၁၀၀)နှင့်၊ စာရေးကိရိယာများ၊ ပညာရေးပဒေသာပင်နှင့် နဝကမ္မ မိသားစုအလှူတို့ကို ရန်ကင်းမြို့နယ်၊ ပဉ္စနိကာယသာသနာ ဗိမာန်ကျောင်းတိုက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။ ပညာရေးပဒေသာပင်နှင့် စာရေးကိရိယာများ လှူဒါန်းမှုသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071