မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းအနေဖြင့် နီပေါနိုင်ငံ၏ ၂၀၂၆ ခုနှစ် ANFA အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် Sankata FC အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်ကာ တစ်ရာသီစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဝင်းသိင်္ဂီထွန်းသည် Sankata FC အသင်း၌ ကျောနံပါတ် (၂၇) ကို ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် ၂၀၂၁ ခုနှစ်မှစ၍ ပြည်ပအသင်းများတွင် ပရော်ဖက်ရှင်ကစားသမားအဖြစ် သွားရောက်ကစားနေခြင်းဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယကလပ်အသင်းများဖြစ်သည့် ဂိုကူလမ်ကီရာလာ၊ လော့စ်အက်ဖ်အေ၊ အိုဒီရှာအက်ဖ်စီတို့တွင် ကစားခဲ့သလို နောက်ဆုံး မလေးရှားကလပ်ဆဘားရှ်အသင်း၌ ကစားခဲ့ပြီး ယခုအခါ နီပေါ Sankata FC အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
