Monday, June 9, 2025

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် အ.ထ.က(၁)စာစစ်ဌာန၌ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျ-က်စီးဆုံးရှုံးခဲ့သဖြင့် ပြန် လည်ဖြေဆိုရမည့် စာစစ်ဌာနများအနက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ရှိ အ.ထ.က(၁ - ကန့်ဘလူ)စာစစ်ဌာန၌ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊...
HomeInternationalတိရစ္ဆာန်များအား ဟောင်ကောင်သို့ခိုးသွင်းရန်ကြိုးပမ်းခဲ့သည့် ရာဇ၀တ်ဂိုဏ်းအား...

တိရစ္ဆာန်များအား ဟောင်ကောင်သို့ခိုးသွင်းရန်ကြိုးပမ်းခဲ့သည့် ရာဇ၀တ်ဂိုဏ်းအား သြစတြေးလျရဲတပ်ဖွဲ့ဖမ်းဆီး

ဆစ်ဒ်နီ၊ဇန်နဝါရီ ၈

သြစတြေးလျအခြေစိုက် ရာဇ၀တ်ဂိုဏ်းတစ်ခုသည် ဒေါ်လာ ၈၀၀,၀၀၀ ကျော်တန်ဖိုးရှိ တွားသွားသတ္တဝါများ ရောင်းဝယ်ဖောက်ကားမှုအားပြုလုပ်ခဲ့‌ကြောင်းသိရသည်။

၎င်းတို့သည်ရာနှင့်ချီသော တွားသွားသတ္တဝါများအားဟောင်ကောင်သို့ ခိုးသွင်းရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဩစတြေးလျရဲတပ်ဖွဲ့က တနင်္လာနေ့ (ဇန်နဝါရီ ၈ ရက်)တွင်ပြောကြားခဲ့သည်။

တာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ်စက်တင်ဘာလက ပုတ်သင်ညို ၅၉ ကောင်ပါဝင်သည့် အထုပ် ၉ ထုပ်အား ဖမ်းဆီးရမိပြီးနောက် အဆိုပါတိရစ္ဆာန်ရောင်းဝယ်ရေးဂိုဏ်းအား စုံစမ်းနေခဲ့ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

ယင်းနောက် ၎င်းတို့သည် ဆစ်ဒ်နီတခွင်ရှိ နေရာအများအပြား၌ ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ မြွေအနည်းငယ်နှင့် မပေါက်သေးသည့်ဥများအား ရှာတွေ့ခဲ့သည့်အပြင် ဖွတ်အကောင်ရေ ၂၅၀ ကျော်ကိုပါရှာဖွေတွေ့ရှိခဲ့သည်ဟုလည်းဆိုသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ဖွတ်၊ပုတက်နှင့်ကင်းလိပ်ချောစသည့် တွားသွားသတ္တဝါလေးများအား ၎င်းတို့ရှာတွေ့ချိန်၌ ဘူးသေးသေးထဲတွင် ကျပ်ကျပ်သပ်သပ်ထည့်ထားခြင်းမျိုးဖြစ်သဖြင့် တိရစ္ဆာန်လေးများ၏အခြေအနေမှာဆိုးရွားနေခဲ့သည်ဟုလည်းသိရသည်။

မှောင်ခိုဈေးကွက်တွင်မူ ပုတ်သင်တစ်ကောင်၏တန်ဖိုးသည် ဩစတြေးလျဒေါ်လာ ၅,၀၀၀ (ကန်ဒေါ်လာ ၃,၃၆၀) ခန့်အထိပေါက်ဈေးရှိပြီး ယခုဖမ်းဆီးရရှိသည့် သတ္တဝါများ၏တန်ဖိုးမှာ ဩစတြေးလျ‌ဒေါ်လာ ၁ ဒသမ ၂ သန်းအထိရှိသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ခ်ျ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန် စက်မှုဝန်ကြီးမှာကြား

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့် ဆင့်၊ စက်ရုံမှထုတ်လုပ်လျက်ရှိသည့် ဘိလပ်မြေများစမ်းသပ်စစ်ဆေးနေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး စက်စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ လိုအပ်သော စက်အရန်ပစ္စည်းများနှင့် သွင်းအားစုများကို ကြိုတင်စုဆောင်းထားရန်နှင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့နောက် သာစည်မြို့နယ် ပြည်ညောင်ရှိ အပါချီဘိလပ်မြေစက်ရုံ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စက်ရုံအနေဖြင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်ထုတ်လုပ်နေပြီး ပိုလျှံလျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားပေးစနစ်သို့ပို့လွှတ်ပေးနေရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071