Tuesday, June 10, 2025

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင်...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက...

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ...
HomeInternationalတာဝန်သိသောနည်းဖြင့်ဖြေရှင်းကြရန်အိန္ဒိယနှင့်ပါကစ္စတန်ကို 'ကန်' တိုက်တွန်း

တာဝန်သိသောနည်းဖြင့်ဖြေရှင်းကြရန်အိန္ဒိယနှင့်ပါကစ္စတန်ကို ‘ကန်’ တိုက်တွန်း

မကြာသေးမီက ကက်ရှ်မီးယားတွင် ဖြစ်ပွားခဲ့သော အစ္စလာမ်မစ်တို့၏ တိုက်ခိုက်မှုကြောင့် အာရှနှစ်နိုင်ငံအကြားတင်းမာမှုများ မြင့်တက်နေသောကြောင့် ဝါရှင်တန်သည် အိန္ဒိယ၊ ပါကစ္စတန် နှစ်နိုင်ငံလုံးနှင့် အဆက်အသွယ်ရှိနေကာ တာဝန်သိသော ဖြေရှင်းနည်းဖြင့် လုပ်ဆောင်ကြရန် ၎င်းတို့ကို တိုက်တွန်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်အပြီးတွင် အမေရိကန်အစိုးရက အိန္ဒိယကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ပါကစ္စတန်ဘက်ကို ဝေဖန်ခဲ့ခြင်းမရှိပေ။ ဧပြီလ ၂၂ ရက် နေ့က အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသတွင် လူ ၂၆ ဦး‌ေ-သဆုံးခဲ့သည့် တို-က်ခို-က်မှုနှင့်ပတ်သက်၍ အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့သည်။ ပါကစ္စတန်ကမူ တို-က်ခို-က်မှုနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကာ ဖြစ်စဉ်ကို နိုင်ငံတကာက ကြားဝင်စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။

“ဒါဟာ ပြောင်းလဲဖြစ်ပေါ်သွားတဲ့ အခြေအနေတစ်ရပ်ဖြစ်ပြီး ဖြစ်ထွန်းမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်၊ အိန္ဒိယ၊ ပါကစ္စတန် အစိုးရတွေရဲ့ အဆင့်အသီးသီးနဲ့ ကျွန်တော်တို့ အဆက်အသွယ်ရှိထားပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာကို ပြောကြားခဲ့သည်။

“တာဝန်သိတဲ့ ဖြေရှင်းချက်တစ်ရပ်ဆီ ဦးတည်ပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ သက်ဆိုင်သူအားလုံးကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ဝါရှင်တန်သည် အိန္ဒိယဘက်က ရပ်တည်ကြောင်းနှင့် ပါဟယ်လ်ဂမ် အကြမ်းဖက်တို-က်ခို-က်မှုကို အပြင်းအထန်ရှုတ်ချကြောင်းလည်း မကြာသေးခင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့၏ အလားတူမှတ်ချက်များအတိုင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားသွားခဲ့သည်။

Ref: သည်စတား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ လက်ချောင်းများ၌ ဒဏ်ရာများရရှိခဲ့သော စစ်သားလေးဦးသည် အိုကီနာဝါစီရင်စုရှိကျွန်းပေါ်တွင် တွေ့ရှိခဲ့သော မပေါ-က်ကွဲသေးသည့် လက်နက်ခဲယမ်းအများစုကို ယာယီသိုလှောင်ထားသည့် အဆောက်အအုံတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပွားခဲ့သော တို-က်ပွဲများထဲမှ တစ်ခုသည် အိုကီနာဝါတွင် ဖြစ်ပွားခဲ့သည်။ ရရှိခဲ့သောဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိဟု စီရင်စုအရာရှိများက ပြောဆိုသော်လည်း အခြားအသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် မသိရသေးဟု ဆိုသည်။ ကာဒီနာလေတပ်စခန်း၏...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့် နီကိုလိုင် ပါထရူရှက်ဗ်က ပြောကြားခဲ့သည်။ “၂၀၅၀ ပြည်နှစ်အထိ ရုရှားရေတပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ဟု အမည်ပေးထားသည့် အဆိုပါ မဟာဗျူဟာအစီအစဉ်ကို မေလနှောင်းပိုင်းတွင် ပူတင်က လက်မှတ်ရေးထိုးခဲ့သည်ဟု တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော ArgumentiI Fakti သတင်းစာနှင့် အင်တာဗျူးတွင် ပါထရူရှက်ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကမ္ဘာ့အကြီးကျယ်ဆုံး ရေကြောင်းအင်အားကြီးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အနေအထားက...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါင်ရေး ဆွေးနွေး

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါဝင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကို ယမန်နေ့ ဇွန် (၉) ရက်က ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သော ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ် (၃)ဦးတို့၏ လေ့လာတွေ့ရှိချက်များ ပြန်လည်ရှင်းလင်းပြီးနောက် ပူးပေါင်းပါဝင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071