ရှမ်းပြည်နယ်၊ တာလေမြို့နယ်တွင် ဧပြီ ၂၇ ရက်ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
တာလေမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတို-က်ခ-တ်ခဲ့မှုကြောင့် မိုင်းလင်းအရှေ့ကျေးရွာအုပ် စု၊ ဝမ်ဟာကျေးရွာရှိ ဝမ်ဟဘုန်းတော်ကြီးကျောင်း ၏ ကျောင်းအဆောက်အအုံများပျ-က်စီးဆုံးရှုံးခဲ့ရသဖြင့် ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo-စိုင်းသန့်ဇင်လတ်
