ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ အ.ထ.က(၃)ကျောင်းရှေ့တွင် ဇူလိုင် ၂၈ ရက်ညပိုင်းက Toyota Succeed ၊ Taxi နှင့် Kia Carnival ကားတို့တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။
ယမန်နေ့ည ၁၁ နာရီခွဲခန့်က အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်းမောင်းနှင်လာသည့် Kia Carnival ကားသည် အ.ထ.က(၃)ကျောင်းရှေ့အရောက် ရပ်ထားသည့် Toyota Succeed ကားအား ပွတ်တိုက်မိပြီးနောက် မောင်းနှင်လာသည့် Taxi ကားအား ထပ်မံဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“Kia Carnival ကားကဝင်တိုက်တာပါ အတိုက်ခံရတဲ့ကား ၂ စီးလုံးကို ကရိန်းတွေနဲ့တင်သွားရတယ် Taxi မောင်းတဲ့လူရယ် ကားပေါ်မှာအလုပ်ကပြန်လာတဲ့ အမျိုးသမီး ၅ ယောက်ရယ် အားလုံးပေါင်း ၆ ယောက်ဒဏ်ရာရတယ်”ဟု ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောသည်။
ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၅ ဦးတို့အား လူမှုကူညီရေးအသင်းကားများ၊ကြက်ခြေနီ အသင်းကားတို့ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
![](https://www.popularmyanmar.com/wp-content/uploads/2023/07/IMG_20230729_091104_083.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/IMG_20230729_091103_873.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/IMG_20230729_091104_550.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/MTXX_MH20230729_091200584.jpg)