လာမည့် ဒီဇင်ဘာတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်သည် ရှစ်သောင်းသုံးထောင်ကျော်အထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
လက်ရှိ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းများကို တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ပထမအကြိမ်ကြေညာထားပြီ ဖြစ်သည်။
အဆိုပါ စာရင်းများကို စက်တင်ဘာလ(၃၀)ရက်မှ အောက်တိုဘာလ (၁၃)ရက်အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာထားမည်လည်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ရပ်ကွက်ပေါင်း(၂၀)ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်ပြည်သူဦးရေ (၈၃,၈၈၁)ဦး အထိရှိနေခြင်း ဖြစ်သည်။
