Tuesday, April 22, 2025

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ်...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အစီအစဉ်...

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X...

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား...
HomeNewsLocal Newsတာချီလိတ် - မယ်ဆိုင်...

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား (၁)ကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းထွက်ပေါ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း – မြန်မာနယ်စပ်ရှိ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတားကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု သတင်း ထွက်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင်တံတားကို ကိုဗစ်ကာကွယ်‌ရေးအစီအမံများဖြင့် ပိတ်ထားခြင်းဖြစ်ကာ ယခုပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားသည်မှာ ၃ နှစ်နီးပါးကြာမြင့်ခဲ့ပြီး တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုမူ အတိအကျ သတ်မှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

“တံတားကဘယ်နေ့မှပြန်ဖွင့်မယ်ဆိုတာတော့မသိဘူး မယ်ဆိုင်ဘက်ခြမ်းမှာတော့ နယ်စပ်ဝင်ထွက်တာနဲ့သက်ဆိုင်တဲ့ ဌာနဆိုင်ရာရုံးတွေ တံတားပေါ်တွေကို သန့်ရှင်းရေးခနခနလုပ်နေတာတွေ့တယ် မြန်မာနိုင်ငံဘက်ကတော့ လတ်တလောဒီအတိုင်းပဲရှိသေးတယ်”ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည်။

” ၂၂ ရက်နေ့ ပြန်ဖွင့်မယ်လိုတော့ ကြားတယ်။ ဟိုဖက်အခြမ်းကတော့ ပြင်ဆင်မှုတွေ လုပ်နေပြီ။ ဒီဖက်ကတော့ ဘာမှလုပ်တာ မတွေ့ရသေးဘူး” ဟု တာချီလိတ်မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်(၁) အား ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းကပင် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ ဆုံကာ ညှိနှိင်းမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးတံတားအမှတ်(၁)ပြန်လည်ဖွင့်လှစ်နိုင်ရန် ဇန်နဝါရီ ၁၁ ရက်က ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံသို အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်စည်စီးဆင်းမှုပြန်လည်ပြုလုပ်နိုင်ရန်နှင့်ခရီးသွားများဝင်ထွက်သွားလာနိုင်ရန် ရည်ရွယ်၍ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန်လည်ဖွင့်လှစ်ရန် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာပေးပိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားဖွင့်ဖို့ ကို ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက စာပို့ထားတယ်လို့ကြားတာပဲ ၂၂ ရက်နေ့လောက်ကိုပြန်ဖွင့်နိုင်ဖို့ လုပ်နေတယ်လို့လည်း သိထားတယ် ဘယ်လိုအခြေအနေဖြစ်မယ်ဆိုတာတော့ မသိဘူး မြန်မာနိုင်ငံဘက်ကတော့ ဌာနဆိုင်ရာတွေကလည်း တံတားပြန်ဖွင့်ဖို့ ကိစ္စကိုဘာမှမပြောသေးဘူး သန့်ရှင်းရေးလုပ်တာလည်း မတွေ့ရသေးဘူး”ဟု တာချီလိတ် မြို့
ခံတစ်ဦးကပြောသည်။

(၃) နှစ်ကြာ ပိတ်ထားသည့် ထိုင်း – မြန်မာနယ်စပ်ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားများထဲမှ မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)ကို ယမန်နေ့ ဇန်နဝါရီ (၁၂) ရက် နံနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည့်အတွက် တာချီလိတ် – မယ်ဆိုင် တံတားကိုလည်း ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက လိုလားနေခြင်းလည်း ဖြစ်သည်။

” ဖွင့်လိမ့်မယ်လိုတော့ ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက မြဝတီဖက်လောက်လည်း အခြေအနေမဆိုးဘူးလေ။ ထိုင်းကလည်း ခရီးသွား လုပ်ငန်းကို တအား လုပ်နေတာဆိုတော့ အဆင်ပြေအောင် ညှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒေသခံတွေကတော့ ပြန်ဖွင့်စေချင်တာပေါ့ ” ဟု တာချီလိတ်မြို့ခံ တစ်ဦးက ပြောသည်။

ယခင် တံတားဖွင့်လှစ်စဉ်က နှစ်နိုင်ငံ နယ်စပ်ဖြစ်ကျော်ခွင့်အနေဖြင့် တစ်ပတ်ခံ Border Pass ဖြင့် မယ်ဆိုင် ဧရိယာအတွင်းသို့ သွားရောက်လည်ပတ်နိုင်ပြီး ယခု ပြန်လည် ဖွင့်လှစ်မည်ဆိုပါက မည်သည့် စည်းကမ်းချက်များ သတ်မှတ်မည်ကို မသိရှိရသေးကြောင်းလည်း ဒေသခံများက ဆိုသည်။

ယမန်နေ့က ပြန်လည်ဖွင့်လှစ်လိုက်သည့် မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားတွင် နယ်စပ်ဖြတ်ကျော်ခွင့်အနေဖြင့် မြန်မာနိုင်ငံသားများမှာ မဲဆောက် ဧရိယာအတွင်း နံနက် (၆) နာရီမှ ည (၆) နာရီအထိ သွားလာနိုင်မည်ဖြစ်ပြီးထိုင်းနိုင်ငံဖက်ခြမ်းမှ လာရောက်မည့်သူများမှာ မြဝတီ ဧရိယာအတွင်း ည‌(၆) နာရီအထိ နေထိုင်ခွင့်ပြုထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသ ည်။

ထိုင်းနယ်စပ် မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် တာချီလိတ်မြို့ခံများက ဆန္ဒရှိနေကြောင်း သိရသည်။

Photo -CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယခုလ ဧပြီလ ၁၉ ရက်နေ့တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း လားရှိုးမြို့တွင်း ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တပ်မတော်နှင့် MNDAA ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တပ်မတော်နှင့် MNDAA နှစ်ဖက်လုံးမှ တရားဝင်သတင်းထုတ်ပြန်မှုများ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ သဘောတူညီမှုများအရ MNDAA တပ်ဖွဲ့များသည် ဧပြီ ၂၁...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ် အနာဂတ်တစ်ခု ဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်ပညာရပ်ကို ဥာဏ်ရည်တုနည်းပညာနှင့် ပေါင်းစပ်ခြင်းဖြင့် သုတေသီများသည် လူတို့နှင့် ဉာဏ်ရည်အလားတူသော အထွေထွေ ဉာဏ်ရည်တု နည်းပညာ (AGI) ကိုဖွင့်လှစ်နိုင်သည့် စနစ်များကို တည်ဆောက်လျက်ရှိသည်။ ဒေတာများကိုဖြတ်ကျော်သည့် ရိုးရာဉာဏ်ရည်တု AI မိုဒယ်များနှင့်မတူဘဲ၊ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ AI သည် အလွန်မြန်‌ေသာ နှုန်းဖြင့် ကြီးမားသောဒေတာအတွဲများကို...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အစီအစဉ် ရွှေ့ဆိုင်းရသည့် အကြောင်းရင်းကိုမူ ပေတုံတန်က ပြောဆိုခဲ့ခြင်း မရှိပေ။ ထိုင်းမှပို့ကုန်ပစ္စည်းများအပေါ် အခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်မည့် ထရမ့်ပ်အစိုးရ၏ အစီအစဉ်ကို ရုပ်သိမ်းပေးရန် ထိုင်းနိုင်ငံက ကြိုးပမ်းနေပြီး ယခုသီတင်းပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ ဦးဆောင်ညှိနှိုင်းသူဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071