ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နဆယ်၌ မကြာမှီကာလအတွင်း (၁၂)လရာသီလုံးလျှပ်စစ်မီးရရှိတော့မည့် ဆိုလာလျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးသဘော တူညီမှုဆိုင်ရာနားလည်မှုစာချွန်လွှာ(MOU)အား မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)တာချီလိတ်မြို့နှင့် Bright Time Energy & Export/Import Co., Ltd. တို့လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာချီလိတ်မြို့အတွင်း လျှပ်စစ်ဓာတ်အားပမာဏ(၃၀ မဂ္ဂါဝပ်)ဖြန့်ဖြူးပေးထားသော်လည်း ထပ်မံလိုအပ်လျက်ရှိသော ဓာတ်အားလိုအပ်ချက်များအား ပိုမိုဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ရန် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ MOU အား တာချီလိတ်မြို့မီးလင်းရေးဦး ဆောင်ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် Bright Time Energy & Export/ Import Co.,Ltd ၏မန်နေဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးကျော်တို့မှ ပြီးခဲ့သည့် သြဂုတ် ၈ ရက်နံနက်ပိုင်းက မြို့မီးလင်းရေးဦး ဆောင်ကော်မတီရုံး၌ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တာချီလိတ်မြို့နယ်အတွင်း သဘာဝပတ်ဝန်း ကျင်ထိခို-က်မှုမရှိသော သန့်ရှင်းပြီးပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်မှထုတ်လုပ်သော ဆိုလာလျှပ်စစ်ဓာတ်အား(၃၀-မဂ္ဂါဝပ်) ထုတ်လုပ်ရောင်းချ/ဝယ်ယူရေးသဘောတူညီမှုဆိုင်ရာနားလည်မှုစာချွန်လွှာအရ မကြာမှီကာလအ တွင်း တာချီလိတ်မြို့နယ်အတွင်း (၁၂)လရာသီလုံး လျှပ်စစ်ဓာတ်အားပြည့်ဝစွာဖြန့်ဖြူးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
