ရှမ်း/အရှေ့ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဂေါက်ကွင်းလမ်းတွင် ဖွင့်လှစ်ထားသည့် Tachileik Night Market ရှိ ဈေးဆိုင်ခန်းများပေါ်သို့ ယမန်နေ့ ဇူလိုင် (၁၆) ရက်ညပိုင်းက ကုက္ကိုလ်ပင်တစ်ပင် လဲကျခဲ့ရာ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယခုရက်ပိုင်းအတွင်း တာချီလိတ်မြို့၌ အဆက်မပြတ်မိုးရွာသွန်းရာမှTachileik Night Market ဖွင့်လှစ်ထားသည့် တောင်စောင်းဘေးရှိ ကုက္ကိုလ်ပင်မှာ မြေပြိုကျရာမှတဆင့် လဲကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ယင်းနေရာတွင် ပလပ်စတစ်မိုးကာတဲဖြင့် ဈေးရောင်းချနေသည့် ဆိုင်ခန်း(၃)ခန်း ပေါ်သို့လဲကျကာ ဆိုင်ခန်းများပျ-က်စီးခဲ့သည့်အပြင် ဆိုင်ပိုင်ရှင် အသက် (၄၅)နှစ်အရွယ် ဒေါ်လုံး၊ အသက် (၃၃)နှစ်အရွယ် ဒေါ်သန္တာအေး၊ အသက် (၂၅)နှစ်အရွယ် ဦးအားဆာနှင့် အသက် (၁၅)နှစ်အရွယ် မောင်ဖိုးသားတို့မှာ သစ်ကိုင်းရို-က်ဒဏ်ရာ(မစိုးရိမ်)များရရှိခဲ့သဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုက္ကိုလ်ပင်လှဲကျသည့် နေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းထက်အောင် ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များက လှဲကျနေသည့်အပင်အား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
