Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsတာချီလိတ်မြို့ပြန်လည်ထူထောင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့တာဝန်ရှိသူများတွေ့ဆုံဆွေးနွေး

တာချီလိတ်မြို့ပြန်လည်ထူထောင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့တာဝန်ရှိသူများတွေ့ဆုံဆွေးနွေး

စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ရှမ်း ပြည်နယ်၊ တာချီလိတ်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီးဦးမင်းမင်းလွင်နှင့်မြို့တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ ယနေ့ စက်တင်ဘာ ၂၂ ရက်နံနက်ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရေပြန်ကျပြီးတင်ကျန်နေသော နုန်းများ၊ ရွှံ့များရှင်းလင်းလျက်ရှိသော် လည်း နှောင့်နှေးမှုများဖြစ်ပေါ်လျက်ရှိ၍ အမြန်ဆုံးပြင်ဆင်နိုင်ရန်လည်း ဝန်ကြီးက ပြောကြားသည်။

“လမ်းပေါ်က နုန်းတွေ ရွှံတွေ သဲတွေကို သိမ်းနေပေမယ့် ထပ်ထပ်ထွက်လာတဲ့ အမှိုက်တွေကြောင့် လုပ်ဆောင်မှုတွေက ထင်သလောက်ရှေ့မရောက်ဘူးဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

တာချီလိတ်မြို့၌ လမ်းပန်းဆက်သွယ်ရေးနှင့်သွားလာမှုလွယ်ကူစေရေးဆောင်ရွက်ရာတွင် စက်ယန္တယားများနှင့်လိုအပ်သည်များကို ဌာနဆိုင်များပေါင်းစပ်ညှိနှိုင်း၍ နေ့၊ ည အလှည့်ကျဆောင်ရွက်ရန်၊ လုပ်ဆောင်ရမည်များကို သတ်မှတ်ချက်အလိုက်တိတိကျကျတာဝန်ခွဲဝေ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တာချီလိတ်မြို့၏ လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ ရေပေးဝေရေးကဏ္ဍ၊ အမှိုက်၊ နွံ၊ ရွှံ့ တို့အား စနစ်တကျစွန့်ပစ်ရေးကဏ္ဍ၊ သန့်ရှင်းရေးပြုလုပ်ရာ၌ ဦးစားပေးဆောင်ရွက်လျက်ရှိသည့်နေရာများ၏ အခြေအနေ၊ တာလော့ရပ် ကွက်ရှိ ရေဝင်ပေါက်ဖြစ်သော အမှတ်(၁) ချစ် ကြည်ရေးတံတားရေထိန်းနံရံအား သဲအိတ်များကာရံနေမှု၊ မယ်ခေါင်ရပ်ကွက်၊ အရှေ့မြို့ပတ် လမ်းတွင် ရေတိုက်စား၍လမ်းသားများမပျက် စီးစေရန် သဲအိတ်ကာရံနေမှု မြေဖို့နေမှု၊ သဲနှုန်းများရှင်းလင်းရန်ကျန်ရှိသော မြို့တွင်းလမ်းများအား ဆက်လက်ဆောင်ရွက်ရန်တို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တာချီလိတ်မြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်ချက်များနှင့်အကူအညီများကိုလည်း မြို့တာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်လူမှုရေးအဖွဲ့အစည်းများက တင်ပြခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071