Wednesday, June 10, 2026

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm)...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင်...

မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေး အိန္ဒိယ Prasad...

အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်များကို ရေရှည်ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင်...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည် ဖြစ်ကာ အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားမည်ဟု...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC...

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA...
HomeNewsLocal Newsတာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့်...

တာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာနှင့် ကလရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၂ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၃၃) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၂၇)ဦးကိုလည်း လုပ် ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေတို့ကဆွေးနွေးရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဟန်ဝင်းအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ "လက်ရှိအခြေအနေမှာ နိုင်ငံတော်အစိုးရအနေနဲ့ စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အဓိကအသုံးပြုရတဲ့ ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်းတည်ငြိမ်စေဖို့ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့နဲ့...

မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေး အိန္ဒိယ Prasad Group နှင့် ပူးပေါင်းဆွေးနွေး

အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်များကို ရေရှည်ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင် ဖလင်များကို စနစ်တကျထားသိုထိန်းသိမ်းခြင်းနှင့် ခေတ်မီဒီဂျစ်တယ်နည်းပညာများ အသုံးပြု၍ ရေရှည်ထိန်းသိမ်းနိုင်ရေးနည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာ့ဂန္ထဝင်ရုပ်ရှင်ဖလင်ဟောင်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် နောက်ဆုံးပေါ်နည်းပညာများဖြင့် ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲမြှင့်တင်နိုင်ရေးနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ Prasad Group (Prasad Corporation) သည် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ အိန္ဒိယနိုင်ငံ၏ နာမည်ကြီး...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည် ဖြစ်ကာ အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားမည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်မှ တဆင့် သိရခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦများ စနစ်တကျရှိစေရေးနှင့် အမြင်မတင့်တယ်သော ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်းခြင်း၊ မြေအောက်သို့ ချခင်းခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကိုလည်း ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (၁)၊ ဆက်သွယ်ရေးအော်ပရေတာကြီး (၄) ခု၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071