ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ ဝီဖာမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ကာ လျှပ်စစ်မီးကြိုးများပြတ်တောက်ပြီး ယမန်နေ့ ဇူလိုင် (၂၁) ရက်ညပိုင်းက အမျိုးသား (၂)ဦး ဓါတ်လိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)နယ်မြေ၊ လွှမ်းမိုးဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမတွင် လေပြင်းတို-က်ခ-တ်မူကြောင့် သစ်ပင်များပြိုကျကာ လျှပ်စစ်မီးကြိုးများ ပြတ်တောက်သွားပြီး အနီးပတ်ဝန်းကျင်ရှိ ဆိုင်ကယ်ပြင်ဆိုင်မှ ကိုကျော်မြင့်ဦး အသက်(၂၄)နှစ်၊ ကိုဇင်းမင်းဖြိုး အသက်(၂၇)နှစ်တို့ (၂) ဦးမှာ ဓာတ်လိုက်မူ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ (၂) ဦးမှာ လက်ရှိတွင် ဆေးကုသမှုခံယူလျက်ရှိပြီး အသက်အန္တာရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ဝီဖာမုန်းတိုင်းကြောင့် မိုးကြီးရေလျှံမှုများ ကြုံတွေ့နိုင်ပြီး လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်ခြင်းကြောင့် သတိထား သုံးစွဲကြရန်လည်း တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီက သတိပေးနှိုးဆော်ထားသည်။
လျှပ်စစ်အန္တရာယ်တစုံတရာ ပေါ်ပေါက်တွေ့ရှိပါက မြို့မီးလင်းရေးဦးဆောင်ကော်မတီသို့ ဆက်သွယ်အကြောင်းကြားရန်လည်း အသိပေးထားသည်။
