ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ဇွန် (၁၂) ရက်က လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရန် စစ်ဆေးနေစဉ် ထွက်ပြေးမောင်းနှင်သွားသည့် ယာဉ်တစ်စီးအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာ အုပ်စု၊ မယ်ယန်းကျေးရွာ မြို့ဝင်တိုးဂိတ် အနီး၌ ယာဉ်စစ်ဆေးခြင်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေစဉ် ယာဉ်တစ်စီးမှာ အစစ်ဆေးမခံဘဲ ပြန်လှည့်၍ မောင်းနှင်ထွ က်ပြေးခဲ့သည်။
ယင်း ယာဉ်နောက်သို့ အမှတ် (၁၂၁) ယာဉ်ထိန်းတပ်ဖွဲ့စုမှလိုက်လံဖမ်းဆီးရာ တာချီလိတ်-ကျိုင်းတုံ သွားလမ်း ပြည်ထောင်စုလမ်းမကြီးဘေး၌ အဆိုပါ MITSUBISHI PAJERO SPORT အမျိုးအစားအဖြူရောင် မော်တော်ယာဉ်မှာ သော့ပွင့်လျက် ရပ်တန့်ထားသဖြင့် ယာဉ်အတွင်းရှာဖွေရာတရားဝင်မှတ်ပုံတင်ထားရှိသည့် အထောက်အထားစာရွက်စာတမ်းများ မတွေ့ရှိရသဖြင့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်းဖြစ် သည်။
တာချီလိတ် မြို့အတွင်း ယခု ဇွန်လ ပထမပတ်မှ စတင်၍ လိုင်စင်မဲ့မော်တော်ယာဉ်၊ ဆိုင်ကယ်များအား စီမံချက်ချမှတ်၍ ဖမ်းဆီးဆောင်ရွက်ခြင်းနှင့် အရောင်းဆိုင်များတွင် လိုင်စင်မဲ့နှင့် သက်တမ်လွန်ယာဉ်များရောင်းချမှု ရှိ/မရှိတို့ကို ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။