Wednesday, June 17, 2026

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း...

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့်...

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon...

ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ရေး ရခိုင်ပြည်နယ်တွင် ကလေးငယ်...

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၁၅) နှစ်အောက်...
HomeInternationalတရုတ်-SCO ဆန်းသစ်တီထွင်မှုစင်တာက  ပထမဆုံး...

တရုတ်-SCO ဆန်းသစ်တီထွင်မှုစင်တာက  ပထမဆုံး ပူးတွဲ  ပါရဂူ သင်တန်းဖွင့်

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ​ဟေလိုဟျင်း ပြည်နယ်ရှိ ဟာပင်း နည်းပညာတက္ကသိုလ် (HIT) တွင် ဖွင့်လှစ်သည့်
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ပထမဆုံး ပူးတွဲပါရဂူဘွဲ့သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ပထမဆုံး ပူးတွဲပါရဂူဘွဲ့ သင်တန်းသူ၊ သင်တန်းသား မောင်မယ်သစ်လွင် ၁၂၀ ကို ကြိုဆိုခဲ့သည်။

ကျောင်းသားများမှာ HIT၊ ပေကျင်းတက္ကသိုလ်နှင့် တရုတ်နိုင်ငံရှိ Tsinghua တက္ကသိုလ်၊ ရုရှားနိုင်ငံရှိ စိန့်ပီတာစဘတ်ပြည်နယ်တက္ကသိုလ်၊ Kyrgyz State Technical University နှင့် Belarusian National Technical University တို့အပါအဝင် SCO အဖွဲ့ဝင်နိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များမှ ကျောင်းသားများပါဝင်သည်။

China-SCO Doctoral Training Innovation Center သည် ပါရမီရှင်သင်တန်းသားများကို ပညာရပ်မျိုးစုံ၊ နိုင်ငံပေါင်းစုံ သုတေသနစွမ်းရည်များဖြင့် အရည်အချင်းများကို ပြုစုပျိုးထောင်ပေးရန်နှင့် SCO အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားသည်။

SCO ၏ ဒုတိယအတွင်းရေးမှူးချုပ် Batir Tursunov က” စင်တာသည် ပညာရေးပေါင်းစည်းမှု မှတ်တိုင်တစ်ခု၊ ပါရမီရှင်များကို ပျိုးထောင်ပေးမှုကိုမြှင့်တင်ရေး၊ စက်မှုလုပ်ငန်း၊ ပညာရပ်ဆိုင်ရာနှင့် သုတေသနလုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ပေါင်းစပ်ပါဝင်လာစေရေးနှင့် နိုင်ငံအဆင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ မဟာဗျူဟာများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။

“စင်တာသည်SCO မူဘောင်အောက်တွင် သိပ္ပံနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှုတွင် အသစ်သော တွန်းအားများ အားဖြည့်သွားမည်” ဟုလည်း သူက ပြောကြားခဲ့သည်။

HIT ပါတီ အတွင်းရေးမှုး ချန်ဂျီ ကလည်း “AI၊ စွမ်းအင်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆန်းသစ်တီထွင်မှုကို အဓိကထားလုပ်ဆောင်မည်။ သိပ္ပံ၊ နည်းပညာ နှင့် သမ်ိုင်း၊ ဒဿနိက၊ ဘာသာစကား၊ စာပေ၊ ဘာသာရေး စသော   လူသားများ နှင့် ပတ်သက်သော ဘာသာရပ်များတွင် ဉာဏ်ရည်မြင့်မားသော၊ ကမ္ဘာနှင့် ချီ၍ စဉ်းစားတတ်သော ပညာရပ်နယ်ပယ်ပေါင်းစုံမှ လူငယ်များကို ​ပေါင်းစည်း​ပေးရန် ရည်ရွယ်ထားကြောင်း” ပြောကြားခဲ့သည်။

Source: ရှင်းဟွာ
Photo- HIT တွင် ၂၀၂၅ စာသင်နှစ်အတွက်​မောင်မယ်သစ်လွင်ကြိုဆိုခဲ့ပုံများ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း သိရသည်။ ဖလမ်းမြို့ကို ဧပြီလအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံအများစုမှာ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ဘိလပ်မြေ၊ အမိုးသွပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement Test အထူးအစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သော ကျောင်းနေအရွယ် ကလေးများအား ပညာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် အရည်အချင်းစစ်ဆေးသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။ “စာရင်းအရတော့ ဖလမ်းမြို့နယ်တစ်ခုလုံးမှာ ဖြေဆိုသူ ၃,၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ပျ-က်ကွက်သူအချို့ရှိတာကြောင့် အမှန်တကယ် ဖြေဆိုသူက ၃,၀၀၀ နီးပါးရှိပါတယ်” ဟု ဖလမ်းမြို့...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့် ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီ

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon d'Or ဆု ရှစ်ကြိမ်ရရှိထားသည့် အသက် ၃၈ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး မက်ဆီသည် အုပ်စု(ည)ပွဲစဉ်တွင် အယ်လ်ဂျီးရီးယားအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ အာဂျင်တီးနားအသင်း၏ သုံးဂိုးစလုံးကို တစ်ဦးတည်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါသွင်းဂိုးများနှင့်အတူ မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် စုစုပေါင်း ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂျာမနီဂန္ထဝင်တိုက်စစ်မှူး မီယိုဆလပ် ကလိုဆေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071