Tuesday, April 21, 2026

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့်...

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀)...

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀)...

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကဆုန်လပြည့်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျင်းပနိုင်ရန်...
HomeNewsLocal Newsတရုတ်-အာဆီယံကြား တိုးတက်မှုများစွာအတွက် အတူပူးပေါင်းဖန်တီးမည်

တရုတ်-အာဆီယံကြား တိုးတက်မှုများစွာအတွက် အတူပူးပေါင်းဖန်တီးမည်

တရုတ်-အာဆီယံကြား ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးတည်ငြိမ်မှုနှင့် နည်းပညာတိုးတက်မှုတို့အတွက် အတူတကွပူးပေါင်းဖန်တီးမည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဒေါက်တာအောင်ဇေယျမှ တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ယနေ့ သြဂုတ် ၂၇ ရက်ကကျင်းပသည့် 2025 ASEAN-Oriented Standardization Cooperation Forum ၌ပြောကြားခဲ့ခြင်းဖြစ် သည်။

တရုတ်နိုင်ငံ၏ AI အုပ်ချုပ်မှုဆိုင်ရာကျွမ်းကျင်မှုများသည် အာဆီယံ၏ပြောင်းလဲတိုးတက်နေသော ဒစ်ဂျစ်တယ်စီးပွားရေးကို ဖြည့်စွမ်းပေးနိုင်မည်ဖြစ်ကာ တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံစမတ်မြို့များကွန်ရက်ကဲ့သို့ စီမံကိန်းများသည် အခွင့်အလမ်းကောင်းများကိုဖန်တီးပေးလျက်ရှိသည်ဟု ပြောသည်။

ထို့နောက် မြန်မာ National Institute of Metrology နှင့် ကွမ်ရှီးဒေသ Institute of Metrology and Test တို့ကြား Agreement on Cooperation in AI-Powered Metrology ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ 2025 ASEAN-Oriented Standardization Cooperation Forum သို့ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်း တက်ရောက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာမည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်းက ဧပြီလ ၂၁ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အဆိုပါ သုံးနိုင်ငံအား တရုတ်နိုင်ငံ၏ "ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ" ဟု ခေါ်ဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်အပတ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်၊ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၊ အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိတ်ခါလစ် ဘင် မိုဟာမက်...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနထုတ်ပြန်

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရ ခိုင်၊ ရှမ်းပြည်နယ်များတွင် ပုံမှန်ထက် လျော့နည်းနိုင်ပြီး စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းနှင့်အတူ ပုံမှန်အတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းရက်များအနေဖြင့် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၃) ရက်မှ (၆)...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀) က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းဖြစ်ပြီး မိန့်ခွန်းအပေါ် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေနှင့် တိုးမြှင့်လုပ်ဆောင်မည့် အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများက အသီးသီးရှင်းလင်းတင်ပြကြသည်။ ထို့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဌာနဆိုင်ရာအကြီးအကဲများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071