ချီနန်၊မေ ၂၇
တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦးေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုကပြောကြားခဲ့သည်။
Shandong Youdao Chemical Co., Ltd. ၏အလုပ်ရုံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆမှု၌ လူ ၁၉ ဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းလည်း ဗျူရိုကပြောကြားခဲ့သည်။
ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် ပျေ-ာက်ဆုံးသူများအားရှာဖွေခြင်း၊ ဒဏ်ရာရသူများကိုကုသပေးခြင်း၊ မိသားစုများအား နှစ်သိမ့်ပေးခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေစောင့်ကြည့်ခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ရန် ပူးတွဲကယ်ဆယ်ရေး ကွပ်ကဲမှုဗဟိုဌာနကိုထူထောင်ထားသည်။
လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာရှိ ရှာဖွေရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်းသိရသည်။
မီးလေ-ာင်မှုသတင်းရရှိပြီးနောက် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် မီးသတ်သမားများ၊ အထူးကုဆရာဝန်များနှင့် လုပ်ငန်းခွင်ဘေးကင်းရေးကျွအထူးပြုသူများအပါအဝင် လုပ်ငန်းအဖွဲ့နှင့် အထူးကျွမ်းကျင်ဝန်ထမ်းများကိုပါ ချက်ချင်းစေလွှတ်ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
Source : ရှင်းဟွာ