ပေကျင်း၊မေ ၅
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ခရီးသွားလှေလေးစင်းနစ်-မြုပ်သွားရာ ရေထဲကျသွားသူများအား ပိုက်စိပ်တိုက်ရှာဖွေရန်နှင့် ဒဏ်ရာရသူများအား ဆေးကုသမှုခံယူနိုင်ဖို့စီစဉ်ပေးရန်လည်း သမ္မတရှီကတိုက်တွန်းပြောကြားခဲ့သည်ဟုသိရသည်။
အဆိုပါလှေနစ်-မြုပ်မှုကြောင့် လက်ရှိအချိန်အထိ လူ ၉ ဦးေ-သဆုံးကာ တစ်ဦးပျောက်ဆုံးနေသေးကြောင်းသိရသည်။လေပြင်းတိုက်ခတ်မှုကြောင့် လှေ ၄ စင်းနစ်-မြုပ်ခဲ့ပြီး စုစုပေါင်းခရီးသွား ၈၄ ဦးလုံး ရေထဲကျသွားခြင်းဖြစ်ကြောင်းလည်းသိရသည်။
၎င်းတို့အနက် ၉ ဦးေ-သဆုံးကာ ၇၀ ဦးသည် မစိုးရိမ်ရေသာဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေပြီး ကျန် ၄ ဦးမှာမူ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။
ပျောက်ဆုံးနေသေးသူ ၁ ဦးအား ဆက်လက်ရှာဖွေလျက်ရှိပြီး ခရိုင်အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နိုင်စေရန် ရဲတပ်ဖွဲ့၊မီးသတ်နှင့်ဆေးဘက်ဆိုင်ရာဝန်ထမ်းများအပါအဝင် အရေးပေါ်အခြေအနေတုန့်ပြန်ရေးအတွက် အင်အား ၅၀၀ နီးပါးဖြန့်ကျက်အသုံးပြုထားသည်ဟုလည်းဆိုသည်။
Source : ရှင်းဟွာ