Home International တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

0
102

ဩဂုတ်လ ၇ ရက်

တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။

အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ ၁ ရက် နေ့အထိ ငွေလွှဲပြောင်းမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး သတ်မှတ်ထားသော ဘဏ်အကောင့်များသို့ စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၆၈.၉ သန်းနီးပါး လွှဲပြောင်းပေးခဲ့သည်။

၎င်းသည် သံသယဝင်လာသဖြင့် ဗုဒ္ဓဟူးနေ့တွင် ရဲတပ်ဖွဲ့ထံ ဆက်သွယ်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အနောက်ပိုင်းခရိုင် ပြစ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့က ယခုအမှုကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ဖမ်းဆီးရမိသူ တစ်ဦးမျှ မရှိသေးပေ။

အစိုးရအရာရှိအဖြစ် ဟန်ဆောင်၍ ဖုန်းဖြင့် လိမ်လည်သည့် နည်းလမ်းမှာ ဟောင်ကောင်တွင် အဖြစ်များဆုံး ဘဏ္ဍာရေးဆိုင်ရာ လိမ်လည်မှုများအနက် တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here