Saturday, May 23, 2026

တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၉၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး သတ္ထု့တွင်း မတော်တဆမှုဖြစ်...

နေပြည်တော်လေဆိပ်အဝင်လမ်း အနာဂတ်ယာဉ်စီးရေတိုးတက်မှုနှင့်ကိုက်ညီစေရန် Master Plan...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၃ ရက်တွင် နေပြည်တော်အတွင်း လမ်း၊ တံတားများအ ဆင့်မြှင့်တင်နေမှုနှင့် ဒေသထွက်သီးနှံများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတက နေပြည်တော်လေဆိပ်အဝင်လမ်းအား...

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင်...

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မေ ၂၄ ရက် မွန်းတည့်ချိန်အထိ...

ဖလမ်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း...

ချင်းပြည်နယ် ဖလမ်းမြို့နယ်အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ပေါ်နှင့် ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန်...
HomeInternationalတရုတ်သို့ အပူလှိုင်းထပ်မံဝင်ရောက်မည်ဟုကြေငြာ

တရုတ်သို့ အပူလှိုင်းထပ်မံဝင်ရောက်မည်ဟုကြေငြာ

တရုတ်သို့ အပူလှိုင်းထပ်မံဝင်ရောက်မည်ဟုကြေငြာ

ပေကျင်း၊ဇူလိုင် ၂၂

တရုတ်နိုင်ငံသည် လာမည့်ဆယ်ရက်အတွင်း အရှေ့မှအနောက်သို့ အပူလှိုင်းများ ထပ်မံဝင်‌ရောက်မည်ဖြစ်ပြီး အချို့မြို့များ၌ သောကြာနေ့ကတည်းက အမြင့်ဆုံးအဆင့်သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

စနေနေ့မှစ၍ အပူလှိုင်းအဖြစ်မရောက်မီ အပူချိန်သိသိသာသာတိုးလာမည်ဟု ခန့်မှန်းထားပြီး ပုံမှန်အားဖြင့် သုံးရက် (သို့မဟုတ်) ထို့ထက်ပိုပူသော ရာသီဥတုကာလများဟု သတ်မှတ်သည်။ယခုတစ်ပတ်စနေနေ့သည် တရုတ်မိုးလေဝသ ခန့်မှန်းချက်အရ “အပူကြီးမည့်” နေ့ဖြစ်သည် ဟုသိရသည်။

အဆိုပါအပူလှိုင်းသည် ဇူလိုင် ၅ ရက်မှ ၁၇ ရက်အထိရှိခဲ့သောအပူချိန်နှင့် တူညီမည်ဟု ခန့်မှန်းထားသော်လည်း အချို့ဒေသများတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) နှင့် ယင်းထက်ပို၍ ပြင်းထန်နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနမှ အကြီးအကဲ Fu Jiaolan က နိုင်ငံပိုင်မီဒီယာသို့ပြောကြားခဲ့သည်။

စက်ရုံများနှင့် ပို့ကုန်လုပ်ငန်းများ အများအပြားရှိသည့် Zhejiang ပြည်နယ်ရှိမြို့အချို့တွင် အနီရောင်အဆင့်သတိပေးချက်များ ထုတ်ပြန်ခဲ့ကာ နောက်၂၄ နာရီအတွင်း အနည်းဆုံး အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်(၁၀၄ ဒီဂရီဖာရင်ဟိုက်) ရှိမည်ဟုခန့်မှန်းထားသည်။

နိုင်ငံ၏ပင်မဓာတ်အားလိုင်းဝန်အားသည်လည်း ယခုနှစ်နွေရာသီတွင် အမြင့်ဆုံးသို့ရောက်ရှိနိုင်ကြောင်း အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနက သောကြာနေ့တွင်သတိပေးခဲ့သည်။

“တရုတ်နဲ့ ရှန်ဟိုင်းမှာရှိတဲ့ စက်ရုံအားလုံးအတွက် ကျွန်တော်တို့မှာလိုက်နာနာရမယ့် စည်းမျဉ်းတွေရှိပါတယ်” ဟု ဓာတုထုတ်ကုန်ထုတ်လုပ်သည့် Sika Chinaဥက္ကဋ္ဌ Leo Zhang ကပြောကြားခဲ့သည်။

Zhejiang ၊ Fujian ၊ Guangdong ၊ Hunan ၊ Jiangxi နှင့် Chongqing ဒေသများသည်လည်း မကြာမီကာလအတွင်း တောမီးအန္တရာယ်နှင့်ရင်ဆိုင်ရနိုင်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

Xinjiang ပြည်နယ်အနောက်ဘက်ဒေသတွင် ရေခဲပြင်များအရည်ပျော်မှုမြင့်တက်လာပါက မြစ်များနှင့်ရေကာတာများအတွက် အန္တရာယ်ရှိကြောင်း တရုတ်မိုးလေဝသဌာနက သောကြာနေ့တွင်ပြောကြားခဲ့ပြီး အထူးသဖြင့်တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နယ်စပ်အနီး Aksu မြစ်လက်တက်တွင် ဆည်ချို့ယွင်းမှုအန္တရာယ် ကြီးမားနိုင်ကြောင်းသတိပေးထားသည်။

ယခုကဲ့သို့ ပူပြင်းသောရာသီဥတုသည် အယ်လ်ပိုင်း ဆီးနှင်းများနှင့်ရေခဲများ အရည်ပျော်မှုအပေါ် “အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိလိမ့်မည်” ဟု အုပ်ချုပ်ရေးအဖွဲ့ကပြောကြားခဲ့သည်။

ဇွန် ၁ ရက်မှ ဇူလိုင် ၂၀ ရက်အထိ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး အဓိကအချက်အချာနေရာများဖြစ်သည့် မြစ်ဝါမြစ်နှင့် ယန်စီမြစ်ဝှမ်းဒေသများတွင် ပုံမှန်ထက်အပူချိန်လွန်ကဲမှုကို အနည်းဆုံး၁၀ ရက်ထက်မနည်းခံစားခဲ့ရသည်။

ဇွန်လမှစတင်၍ အပူလှိုင်းများသည် အရှေ့အာရှ၊အနောက်ဥရောပ၊မြောက်အာဖရိက နှင့် မြောက်အမေရိက တို့တွင်လည်းဖြစ်‌ပေါ်ခဲ့ပြီး နိုင်ငံအများအပြားတွင် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်။ရာသီဥတုဖောက်ပြန်မှုက အပူချိန်တိုးလာစေပြီး အပူလှိုင်းများကိုလည်းမကြာခဏ ဖြစ်စေတတ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ တရုတ်နိုင်ငံတွင် အမြဲတမ်းလိုလို အမြင့်ဆုံးစံချိန်တင်ရသည့် အပူချိန်ကလည်း အငြင်းပွါးဖွယ်ကိစ္စတစ်ခုဖြစ်လာသည်။

တရုတ်မီဒီယာများ၏ဖော်ပြချက်အရ လွန်ခဲ့သောနှစ်ပေါင်းသုံးရာအတွင်း အပူဆုံးကာလသည် ချင်မင်းဆက်အုပ်စိုးသည့် ၁၇၄၃ ခုနှစ် ဇူလိုင်လကရှိခဲ့သည့်အပူချိန်ဖြစ်ပြီး ပေကျင်းရှိပြင်သစ်သာသနာပြုတစ်ဦးကမူ ၄၄ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ အမြင့်ဆုံးအပူချိန်ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။

တရုတ်နိုင်ငံ၏အပူဆုံးနေရာများထဲမှတစ်ခုဖြစ်သည့် Xinjiang ဒေသ၊Ayding ရေကန်အနီးရှိ မိုးလေဝသဌာန၏မှတ်တမ်းအရ ၂၀၁၅ ခုနှစ်ကလည်း အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိခဲ့ဖူးကြောင်းသိရှိရသည်။

အိုအေစစ်မြို့တော် Turpan တွင်လည်း အပူချိန်သည် လာမည့်သီတင်းပတ်တွင် ၅၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ကြောင်း တရုတ်မိုးလေဝသဌာနမှ သောကြာနေ့တွင်ပြောကြားခဲ့သည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၉၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး သတ္ထု့တွင်း မတော်တဆမှုဖြစ် လသည်။ ပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီ ၂၀ နီးပါးအကြာ စနေနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း နိုင်ငံပိုင် စီစီတီဗီရုပ်သံက ဖော်ပြခဲ့သည်။ ရှန်ရှီးပြည်နယ်ရှိ အဆိုပါမိုင်းတွင်းတွင် သောကြာနေ့ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားချိန်၌ လူ ၂၅၀ နီးပါး မြေအောက်တွင် အလုပ်လုပ်နေခဲ့ကြသည်။ စနေနေ့နံနက်ပိုင်းအထိ အနည်းဆုံး လူ ၂၀၁ ဦးကို ဘေးလွတ်ရာကယ်ထုတ်ပေးခဲ့ပြီး ၁၂၃ ဦးသည်...

နေပြည်တော်လေဆိပ်အဝင်လမ်း အနာဂတ်ယာဉ်စီးရေတိုးတက်မှုနှင့်ကိုက်ညီစေရန် Master Plan ရေးဆွဲအဆင့်မြှင့်တင်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၃ ရက်တွင် နေပြည်တော်အတွင်း လမ်း၊ တံတားများအ ဆင့်မြှင့်တင်နေမှုနှင့် ဒေသထွက်သီးနှံများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတက နေပြည်တော်လေဆိပ်အဝင်လမ်းအား နောင်အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်မည့် လမ်းအ သုံးပြုသူဦးရေနှင့် မော်တော်ယာဉ်စီးရေတိုးတက်လာနိုင်မှုများအပေါ်ထည့်သွင်းတွက်ချက်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်ရန်မှာ ကြားသည်။ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်းခုံးကျော်တံတား(၁,၃၀၀)ပေတည် ဆောက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းတစ်လျှောက် သန့် ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေပြည် တော်လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ယာ ယီသံဘောင်ဘေလီတံတားတည်ဆောက်ရန်ဆောင် ရွက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ ရန်ကုန်-မန္တ လေးမီးရထားလမ်းခုံးကျော်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို...

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မေ ၂၄ ရက် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071