မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးကို တရုတ်နိုင်ငံမှ တင်ပို့ခွင့်ပြုပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြ စ် နာနတ်သီး (၆) တန်ကျော်တင်ပို့ထားကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ နာနတ်သီးများကို ကူမင်းအကောက်ခွန်ဌာန လက် အောက်ရှိ ဝမ်တိန်နယ်စပ်ဂိတ်မှတဆင့် တင်ပို့ထားခြင်းဖြစ် ကြောင်း သိရသည်။
” အခုလိုမျိုးတင်ပို့ခွင့်ရတော့ အဆင်ပြေတာပေါ့။ ဈေးကွ က်တစ်ခုထပ်တိုးတယ်။ တောင်သူတွေအတွက်လည်းအဆ င်ပြေတယ်။ ဝင်ငွေပိုရတယ်” ဟု သစ်သီးကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်ပြီး မြန်မာနိုင်ငံထွက်နာ နတ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိထားခြင်းဖြစ် သည်။
နာနတ်သီး များကို ဝမ်တိန်စီးပွားရေးဖွံ့ဖြိုးမှုဇုန်ရှိ ချန်ဟယ်သစ်သီးရောင်းဝယ်ရေးစျေးကွက်တွင် ရွေးချယ်စီစစ်ပြီးနောက် ကူမင်း၊ ချန်ဒူးစသည့် အနောက်တောင်ဒေသ၏ အ ဓိကမြို့ကြီးများကို တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နာနတ်သီးများကို ရှမ်းပြည်နယ်နှင့် မွန်ပြ ည်နယ်တို့တွင် အဓိကစိုက်ပျိုး၍ ရှမ်းပြည်နယ်အနေဖြင့် (တောင်ပိုင်း)တွင် ဆီဆိုင်၊ နမ့်စန်၊ မိုင်းကိုင်ဒေသများနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် သီပေါ၊ တန့်ယန့်၊ လာရှိုးမြို့ နယ်များတွင် အဓိကစိုက်ပျိုး၍ စိုက်ဧကအနေဖြင့် တောင်ပိုင်းတွင် ဧက(၆၀၀၀)ခန့်နှင့် မြောက်ပိုင်းတွင် ဧက (၇၀၀၀) ခန့် စိုက်ပျိုးပြီး ထွက်ရှိမှုအနေဖြင့် အလုံးရေ(၄၅)သန်းခန့် တန်ချိန်အနေဖြင့် (၃၀၀၀၀ မှ ၄၀၀၀၀)ကျော်ခန့် ထွက်ရှိပြီး ဇူလိုင်လမှ စတင်၍ စက်တင်ဘာလအထိ လှိုင်လှိုင်ထွက်ရှိပြီး ပြည်တွင်းဈေးကွက်များသို့ အဓိကတင်ပို့လျက်ရှိသည်။
