ပေကျင်း၊မေ ၂၄
တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။
တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းလာကြောင်း ပြောကြားခဲ့သည်။
နှစ်ဘက်စလုံးသည် နိုင်ငံတကာနှင့်ဒေသတွင်းရေးရာများ၌ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း လီက ပြောကြားခဲ့သည်။
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နှစ်နိုင်ငံကြား နိုင်ငံရေးအရယုံကြည်မှု၊အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန်၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်းချစ်ကြည်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိပြုခဲ့ကြသည်။
ထို့အပြင် အဆိုပါသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံကြား အရည်အသွေးမြင့်မိတ်ဖက်ဆက်ဆံရေးနှင့် လွတ်လပ်သောကုန်သွယ်မှုစနစ်များကို မြှင့်တင်ရန်အခွင့်အလမ်းအဖြစ် လက်တွဲဆောင်ရွက်သွားရန်အသင့်ရှိကြောင်းလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ