Wednesday, April 15, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeInternationalတရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI ဗီဒီယိုဂျင်န‌ရေတာကို မိတ်ဆက်

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး ဗီဒီယိုထုတ်လုပ်သည့် မိုဒယ်များကို ယှဉ်ပြိုင်မှုတွင် ပိုမိုပြင်းထန်လာသော အချိန်တွင် “ကမ္ဘာ့စွမ်းအားအကြီးဆုံး” ဟု ကြွေးကြော်ခဲ့သည်။

“ဒါက ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး ဗီဒီယိုဖန်တီးမှုမျိုးဆက် မိုဒယ်ဖြစ်ပါတယ်” ဟု Kuaishou အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဂိုင်ခွန်က ပေကျင်းတွင်ကျင်းပသည့် ကော်ပိုရိတ်အစည်းအဝေးပွဲတစ်ခုတွင် Kling AI 2.0 ကို မိတ်ဆက်ရာတွင် ပြောကြားခဲ့သည်။

ယခုအချိန်တွင် Kling သည် ဗီဒီယိုကလစ်ပေါင်း (၁၆၈) သန်းနှင့် ရုပ်ပုံပေါင်း (၃၄၄) သန်းကို ဖန်တီးထားပြီး ကမ္ဘာတစ်ဝန်းတွင် သုံးစွဲသူ (၂၂) သန်းကျော်ရှိကြောင်း ဂိုင်က ပြောကြားထားသည်။

တစ်တော့ ပိုင်ရှင် ဘိုက်ဒန့်စ် နှင့် အလီဘာဘာဂရု တို့ကဲ့သို့သော ကုမ္ပဏီများက ဗီဒီယိုဖန်တီမှုများလုပ်ခဲ့ရာ တရုတ်ကုမ္ပဏီများသည်လည်း Open AI ၏ Sora နှင့် Google DeepMind’s Veo 2 ကို အာရုံစိုက်လာခဲ့သည်။ AI ဗီဒီယိုဖန်တီးမှု ကိရိယာများတွင် တိုးတက်မှုအသစ်များကို အပြေးအလွှားလုပ်ဆောင်နေသော တရုတ်နည်းပညာကြီး ကုမ္ပဏီများအုပ်စုတွင် Kuaishou နည်းပညာကုမ္ပဏီသည်လည်း ပါဝင်သည်။ အလီဘာဘာသည် South China Morning Post ကို ပိုင်ဆိုင်သည်။

အဆင့်မြှင့်ထားသော မိုဒယ်အသစ်သည် ညွှန်ကြားချက်ကို လိုက်နာခြင်း၊ အချက်ပေးနားလည်မှု၊ ရုပ်ပုံနှင့် လှုပ်ရှားမှု အရည်အသွေးတို့အပြင် ထုတ်လုပ်ထားသော ဗီဒီယိုကလစ်များ၏ လက်တွေ့ကျပြီး လှပ၍သဘာဝဆန်သော ခံစားမှုတို့ကဲ့သို့သော နယ်ပယ်များတွင် တိုးတက်မှုများစွာ ပြုလုပ်ခဲ့သည်ဟု ဂိုင် က ပြောကြားခဲ့သည်။

Kuaishou သည် ယမန်နှစ်ကုန်ပိုင်းတွင် ဗီဒီယိုဖန်တီးသော Kling မိုဒယ်များ၏ နောက်ဆုံးမျိုးဆက်ကို မိတ်ဆက်ပြီးနောက် လအနည်းငယ်အကြာတွင် မိုဒယ်အသစ်ကို ထုတ်ပြခဲ့ခြင်းဖြစ်သည်။

ယခင်မျိုးဆက်မိုဒယ်များသည် လက်ရှိတွင် ကမ္ဘာ့ထိပ်တန်း နံပါတ် ၁ အဖြစ် ရုပ်ပုံမှဗီဒီယိုမိုဒယ် နှင့် ကမ္ဘာ့ နံပါတ် ၂ ဒုတိယအကောင်းဆုံး စာသားမှဗီဒီယိုမိုဒယ်အဖြစ် အဆင့်သတ်မှတ်ခံရပြီး Google ၏ Veo 2 တစ်ခုတည်း၏ နောက်တွင်သာရှိကြောင်းကို ကမ္ဘာတစ်ဝန်း AI မိုဒယ်များကို စမ်းသပ်ပြီး အဆင့်သတ်မှတ်သည့် ပြင်ပကုမ္ပဏီဝန်ဆောင်မှုတစ်ခုဖြစ်သည့် ဉာဏ်ရည်တုနည်းပညာ ဆန်းစစ်မှု ကုမ္ပဏီ Artificial Analysis ၏အဆိုအရ သိရသည်။

Kuaishou သည် Kling AI ၏ ပထမဆုံးဗားရှင်းကို ၂၀၂၄ ခုနှစ်အလယ်ပိုင်းတွင် မိတ်ဆက်ခဲ့ပြီး Open AI ၏ Sora ဗီဒီယိုမိုဒယ်နှင့်ယှဉ်ပြိုင်နိုင်သော တရုတ်နည်းပညာကုမ္ပဏီများအနက် ပထမဆုံးအဖြစ် ပါဝင်လာသူတစ်ခုဖြစ်သည်။ Sora ကို ၂၀၂၄ ဖေဖော်ဝါရီတွင် ပထမဦးဆုံး မိတ်ဆက်ပြသခဲ့သည်။

ဘိုက်ဒန့်စ် နှင့် အလီဘာဘာအပြင် ဆိုရှယ်မီဒီယာတွင် တန်ဆန့်ဟိုင်းဒင်း နှင့် အထူးပြု start-up များဖြစ်သော ဇီပုဉာဏ်ရည်တု AI နှင့် ရှန်ရှု နည်းပညာ ကုမ္ပဏီတို့သည် ဤနယ်ပယ်၏ဈေးကွက်သို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

အခမ်းအနားတွင် Kuaishou သည် အနုပညာရှင်များကို ရုပ်ရှင်အရည်အသွေးဆိုင်ရာ အကြောင်းအရာများဖန်တီးရန် ၎င်း၏ကိရိယာများကို အသုံးပြုရန် ရန်ပုံငွေ နှင့် နည်းပညာပံ့ပိုးပေးမည်ဖြစ်ပြီး ၎င်း၏ အနာဂတ် NextGen ပရောဂျက်ကိုလည်း ကြေညာခဲ့သည်။

တရုတ် chatbots အများစုကို မည်သူမဆို လွတ်လပ်စွာအခမဲ့ အသုံးပြုနိုင်စေရန် ဖန်တီးထားသော်လည်း သုံးစွဲသူများအတွက် ပိုမိုအဆင့်မြင့်သော လုပ်ဆောင်ချက်များတွင် အခကြေးငွေ ပေးဆောင်ရမည့် freemium ပုံစံဖြင့် AI ဗီဒီယိုကိရိယာများကို လုပ်ဆောင်ထားခြင်းဖြစ်ပါသည်။

Ref: မိုင်နျူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီး ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွား

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ Rich Starry ဟု အမည်ရသော တရုတ်သင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုစတင်ပြီးကတည်းက ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ကာ ပင်လယ်ကွေ့အတွင်းမှ ထွက်ခွာနိုင်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း LSEG၊ MarineTraffic နှင့် Kpler တို့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ အဆိုပါသင်္ဘောနှင့် ၎င်း၏ပိုင်ရှင်ဖြစ်သော Shanghai Xuanrun Shipping...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်တင်သင်္ဘော USS George H.W. Bush နှင့် ၎င်း၏ အရန်စစ်သင်္ဘောများဖြစ်ကြသော USS Donald Cook (DDG-75)၊ USS Mason (DDG-87) နှင့် USS Ross (DDG-71) တို့ ပါဝင်သော စစ်သင်္ဘောအုပ်စုသည် မြေထဲပင်လယ်လမ်းကြောင်းကို ရှောင်ရှား၍ အာဖရိကတိုက်ကို တစ်ပတ်ပတ်ကာ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ် ‘ခရစ်စတယ်’ က လမ်းသစ်စထွင်

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော ကမ္ဘာ့ပထမဆုံး ခရစ်စတယ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါနည်းပညာသည် နောင်တစ်ချိန်တွင် ရေငုပ်သင်္ဘောများနှင့် အာကာသအနက်ပိုင်း စူးစမ်းရှာဖွေရေးယာဉ်များကို GPS မပါဘဲ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။ ဖလိုရင်းပါဝင်သော ဘိုရိတ်ဒြပ်ပေါင်းသည် လေဆာရောင်ခြည်၏ လှိုင်းအလျားကို စံချိန်တင်အဆင့်ဖြစ်သော ၁၄၅.၂ နာနိုမီတာ အထိ ရောက်ရှိစေနိုင်ကြောင်း ဇန်နဝါရီလထုတ် Advanced Materials ဂျာနယ်တွင် အဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071