Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeMovies“တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” လင်ရှန်ခရိုင်တွင်...

“တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” လင်ရှန်ခရိုင်တွင် နှစ်စဉ် လိုင်ချီးတန်ချိန် ၁၉၀,၀၀၀ ခန့် ထွက်ရှိ

ဂွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လင်ရှန်ခရိုင် (Lingshan County) သည် “တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” အဖြစ် လူသိများပြီး လိုင်ချီးထွက်ရှိမှုအရ ဂွမ်ရှီးဒေသတွင် အဆင့် (၁)၊ တရုတ်နိုင်ငံတစ်ဝန်းတွင် အဆင့် (၂) နေရာ၌ ရပ်တည်နေသည့် အရေးပါသော လိုင်ချီးထုတ်လုပ်ရေးဒေသတစ်ခုဖြစ်ကြောင်း သိရပါတယ်။

လင်ရှန်လိုင်ချီးသည် အမျိုးသားအဆင့် ပထဝီဝင်ညွှန်းကိန်း ကာကွယ်မှုနှင့် စိုက်ပျိုးရေးထုတ်ကုန် ပထဝီဝင်ညွှန်းကိန်း အသိအမှတ်ပြုလက်မှတ်များ ရရှိထားသည့် ထင်ရှားသော ဒေသထွက်ကုန်တစ်မျိုးဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အထိ လင်ရှန်ခရိုင်၏ လိုင်ချီးစိုက်ဧရိယာမှာ မူ (Mu) ၄၂၂,၆၀၀ ခန့်ရှိပြီး နှစ်စဉ်ထွက်ရှိမှုမှာ တန်ချိန် ၁၉၀,၀၀၀ ခန့် ရှိကြောင်း သိရပါတယ်။

နှစ်ပေါင်း ၂,၀၀၀ ကျော် လိုင်ချီးစိုက်ပျိုးမှုသမိုင်းရှိသည့် လင်ရှန်ခရိုင်တွင် လိုင်ချီးမျိုးစိတ် ၆၇ မျိုး စိုက်ပျိုးလျက်ရှိပြီး မကြာသေးမီနှစ်များအတွင်း Seedless Litchi အပါအဝင် မျိုးသစ် ၂၅ မျိုးကိုလည်း တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါတယ်။

လက်ရှိတွင် လင်ရှန်ခရိုင်သည် စိုက်ပျိုးရေး၊ ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများကို ပေါင်းစပ်ဖွံ့ဖြိုးစေသည့် စက်မှုကွင်းဆက်ပြည့်စုံသော လိုင်ချီးစီးပွားရေးအခြေခံဒေသတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါတယ်။

လိုင်ချီးပင်များ ပြည့်နှက်နေသည့် လင်ရှန်ခရိုင်သို့ ရောက်ရှိချိန်တွင် စိမ်းလန်းဝေဆာနေသော ဥယျာဉ်ကြီးများနှင့် အနီရောင်လိုင်ချီးသီးအုပ်များကို မြင်တွေ့ရခြင်းက စိတ်လှုပ်ရှားဖွယ်ကောင်းလှပါတယ်။ အရွယ်အစားနှင့် မျိုးကွဲအမျိုးမျိုးရှိသည့် လိုင်ချီးသီးများကို အနီးကပ်လေ့လာခွင့်ရခဲ့သကဲ့သို့ သစ်ပင်ပေါ်မှ တိုက်ရိုက်ခူးဆွတ်ပြီး လတ်ဆတ်စွာ မြည်းစမ်းခွင့်ရခဲ့ခြင်းမှာလည်း ထူးခြားသည့် အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။

သစ်ပင်ပေါ်မှ ခူးဆွတ်ပြီးစ လိုင်ချီးသီး၏ အရသာမှာ ထူးကဲစွာ ချိုမြပြီး သဘာဝရနံ့နှင့် လတ်ဆတ်မှုကို အပြည့်အဝ ခံစားရစေသည်။ လိုင်ချီးသီးများကို ကိုယ်တိုင်ခူးဆွတ်ကာ မြည်းစမ်းရသည့် လတ်ဆတ်ချိုမြသော အရသာသည် ရင်ထဲအထိ စွဲကျန်စေပါတယ်။

“လင်ရှန်ခရိုင်ကို ရောက်တဲ့အချိန်မှာ ပထမဆုံး သတိထားမိတာကတော့ လိုင်ချီးဥယျာဉ်ကြီးတွေပါပဲ။ အနီရောင်လိုင်ချီးသီးတွေ အုပ်လိုက်ကြီး သီးနေတာကို မြင်ရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။အမှတ်တရ အဖြစ်ဆုံးကတော့ လိုင်ချီးသီးတွေကို သစ်ပင်ပေါ်ကနေ ကိုယ်တိုင်ခူးဆွတ်ပြီး မြည်းစမ်းခွင့်ရခဲ့တာပါ။ ကိုယ်တိုင်ခူးပြီး ချက်ချင်းမြည်းစမ်းလိုက်တဲ့အချိန်မှာတော့ လိုင်ချီးသီးရဲ့ လတ်ဆတ်မှု၊ ချိုမြမှုနဲ့ သဘာဝရနံ့တွေကို အပြည့်အဝခံစားရပါတယ်။ သစ်ပင်ပေါ်က ခူးဆွတ်ပြီးစ အသီးရဲ့ ချိုမြမှုက ပိုမိုပြည့်စုံပြီး ရင်ထဲအထိ စိမ့်ဝင်သွားသလို ခံစားရပါတယ်။”ဟု
လိုင်ချီးဥယျာဥ်အတွင်း လေ့လာခဲ့သူတစ်ဦးက ပြောပါတယ်။

လိုင်ချီးဥယျာဉ်အတွင်း လျှောက်လှမ်းရင်း အသီးများကို ကိုယ်တိုင်ခူးဆွတ်မြည်းစမ်းခဲ့ရခြင်းသည် လင်ရှန်ခရိုင်၏ လိုင်ချီးယဉ်ကျေးမှု၊ စိုက်ပျိုးရေးအမွေအနှစ်နှင့် ဒေသခံစီးပွားရေးဖွံ့ဖြိုးမှုကို ပိုမိုနီးကပ်စွာ ထိတွေ့ခံစားနိုင်သည့် အမှတ်တရကောင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071