Monday, December 15, 2025

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း...

နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်...

ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် နိုင်ငံသားစိစစ်‌ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မဲဆန္ဒရှင်ပြည်သူများအား နှိုးဆော်အသိပေးနိုင်ရန် နိုင်ငံရေးပါတီများသို့ ပြည်ထောင်စုကော်မရှင်က...
HomeNewsLocal Newsတရုတ်နိုင်ငံသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို ၇...

တရုတ်နိုင်ငံသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို ၇ မှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ကတိပြုကြောင်း သမ္မတရှီမှ ကုလသမဂ္ဂသို့ ပြောကြား

လက်ရှိ ကမ္ဘာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအမြင့်မားဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် ၎င်း၏ ထုတ်လွှတ်မှုများကို ၇ မှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းထားကြောင်း ကြေညာခဲ့သည်။

ဗုဒ္ဓဟူးနေ့က နှစ်စဉ်ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) အတွင်း ပြုလုပ်သည့် ကုလသမဂ္ဂ၏ အဆင့်မြင့်ရာသီဥတု ထိပ်သီးအစည်းအဝေးတွင် “ကမ္ဘာကြီး ပူနွေးလာမှုနှင့် အပူလွန်ကဲသော ရာသီဥတုကို ဖြစ်စေသည့် ဓာတ်ငွေ့များထုတ်လွှတ်မှုကို တရုတ်နိုင်ငံက လျှော့ချသွားမည်ဖြစ်ကြောင်း” တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗီဒီယိုမိန့်ခွန်းဖြင့် အခြားခေါင်းဆောင်များသို့ ပြောကြားခဲ့သည်။

“စိမ်းလန်းပြီး ကာဗွန်ဒိုင်‌အောက်ဆိုဒ်ထုတ်လွှတ်မှုနည်းတဲ့ စွမ်းအင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အသွင်ကူးပြောင်းမှုဟာ ကျွန်တော်တို့ခေတ်ရဲ့ လမ်းကြောင်းဖြစ်ပါတယ်” ဟု ရှီက ပြောကြားသည်။

ဤကြေညာချက်သည် အမေရိကန်နိုင်ငံက ၎င်း၏ကတိကဝတ်များအား ပြန်လည်ရုပ်သိမ်းနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်က ရာသီဥတုပြောင်းလဲမှုကို “လှည့်ဖြားမှု” ဟု အင်္ဂါနေ့က ခေါ်ဝေါ်ခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှု သဘောတရားတို့ကိုလည်း အထင်သေးခဲ့သည်။

ရှီက “အချို့သောနိုင်ငံများက [ရာသီဥတုဖောက်ပြန်မှု တို-က်ဖျ-က်ရေးလမ်းကြောင်း] ကို ဆန့်ကျင်လုပ်ဆောင်နေသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မှန်ကန်သော ဦးတည်ချက်အပေါ်တွင်သာ အာရုံစိုက်နေသင့်သည်” ဟု ပြောကြားခဲ့သည်။

ရှီ၏ နောက်ဆုံးထုတ်လွှတ်မှု ကတိကဝတ်သည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ဒိုင်‌အောက်ဆိုဒ်ထုတ်လွှတ်မှု‌ကို အမြင့်ဆုံးအဆင့်အထိ လျှော့ချရန် ယခင်ကတိပြုခဲ့သည့်အပေါ် ထပ်ပေါင်းခြင်းဖြစ်ပြီး၊ ထိုပန်းတိုင်သည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်စာရင်းဇယားများအရ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပုံရကြောင်း သုံးသပ်ကြသည်။

Source: scmp

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၄ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာ တော်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ဆရာတော်တို့အမှူးပြုသော ဆရာတော်၊ သံ ဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၅၄)ပါးတို့အား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071