Friday, April 17, 2026

ကယားပြည်နယ်၏ သင်္ကြန်ပွဲတော်၌ မြန်မာ့ရိုးရာသ နပ်ခါးလှယဉ်ကျေးမယ်ဆုချီးမြှင့်

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် သ င်္ကြန်ပွဲတော်တွင် သနပ်ခါးသင်္ကြန်မဏ္ဍပ်ထည့်သွင်း၍ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ဆပ်ကော်မတီက "မြန်မာ့ရိုးရာသနပ်ခါး လှယဉ်ကျေးမယ်"ပြိုင်ပွဲကိုကျင်းပခဲ့သည်။ ထိုသို့ ကျင်းပပြီးနောက် ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင် ဆုပေးပွဲကျင်းပရာ...

AI အသုံးပြုပြီး Google Discover...

အခုဆိုရင် Google ရဲ့ Discovery feed ကို အသုံးချပြီး AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေကနေတစ်ဆင့် အန္တရာယ်ရှိတဲ့ notification...

သင်္ကြန်အတတ်နေ့အား ပျော်ရွှင်စွာဖြတ်သန်းနေသည့် ကော့ကရိတ်မြို့

နိုင်ငံရေးအခြေအနေများကြောင့် သင်္ကြန်ပွဲတော်ကျင်းပနိုင်ခြင်းမရှိသည်မှာ (၃)နှစ်ရှိပြီဖြစ်သော ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၌ ယခု ၂၀၂၆ ခုနှစ် သင်္ကြန်ပွဲတော်အားပြန်လည်ကျင်းပနိုင်ခဲ့ရာ ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင်...

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ...
HomeNewsLocal Newsတရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များကို ပြည်တွင်းရှိလုပ်ငန်းများတွင်...

တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များကို ပြည်တွင်းရှိလုပ်ငန်းများတွင် လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ထား

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(ရန်ကုန်) တွင် တာဝန်လွှဲပြောင်းထမ်းဆောင်မည့် စီးပွားရေးသံမှူးနှင့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များကို ပြည်တွင်းရှိလုပ်ငန်းများတွင် လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးသည် အရေးကြီးကြောင်း၊ယခုနှစ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေးကူးလူးဆက်ဆံမှုသည် သိသာစွာတိုးတက် ပြောင်းလဲလာပြီး တရုတ်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များလည်း အများအပြား ဝင်ရောက်လာကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးတွင် အဓိကလိုအပ်သည့် ယွမ်-ကျပ် ငွေပေးချေမှုကို အရှိန်မြှင့်လုပ်ဆောင်စေလိုကြောင်း၊နယ်စပ် ကုန်သွယ်ရေးကို တိုးမြှင့်လုပ်ကိုင်နိုင်ရေး၊လယ်ယာထွက်ကုန်ပစ္စည်းများ၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများပိုမိုတင်ပိုနိုင်ရေး၊ ဓာတ်မြေသြဇာအပါအဝင် လယ်ယာသုံး စက်ကိရိယာများ၊ စက်မှုလုပ်ငန်းနှင့်ကုန်ထုတ်လုပ်ငန်းသုံး ကုန်ကြမ်းများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် CMP လုပ်ငန်းများတွင်လည်း ပိုမိုလာရောက်လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်လိုကြောင်း၊ ကုန်စည်ပြပွဲများကိုလည်း အပြန်အလှန်ကျင်းပ ပြုလုပ်သွားလိုပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် သင်တန်းများနှင့်ပညာသင်ဆု အစီအစဉ်များလည်း ရရှိနိုင်ရန် သံရုံးဖက်မှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး (ရန်ကုန်) မှ စီးပွားရေးသံမှူး Mr. Tan Shufu သည် တာဝန်ပြီးဆုံး၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ပြန်လည်ထွက်ခွာတော့မည်ဖြစ်သဖြင့် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲဝင်များထံ လာရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး ၎င်းနေရာတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးသစ် Mr. Ouyang Daobing နှင့်လည်း ၂၀၂၃ခု နှစ် ဇွန်လ ၂ ရက်နေ့တွင် အသင်းချုပ်ရုံး၌ တွေ့ဆုံမိတ်ဆက်ခဲ့သည်။

တွေ့ဆုံရာတွင် Mr. Tan Shufu က မိမိတာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း တရုတ် – မြန်မာ နှစ်နိုင်ငံ စီးပွားရေးဖွံဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးအတွက် အဓိက ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ ကိုဗစ်ကာလများအတွင်း မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းပေးရာတွင် သံရုံးအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊အငယ်စား၊အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးလျက် ရှိကြောင်း၊ကုန်စည်ပြပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်းနှင့် ရှေ့ဆက်၍လည်း လုပ်ငန်းဆိုင်ရာ အခက်အခဲများကျော်လွှားပြီး စီးပွားရေးဝန်းကျင်ကောင်းကို ဖော်ဆောင်နိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် စီးပွားရေးသံမှူးသစ် Mr. Ouyang Daobing ကလည်း အသင်းချုပ်နှင့် ပိုမိုထိတွေ့မည့်အစီအစဉ်များတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသင်းချုပ်နှင့် ယခင်ကာလက ရရှိထားသည့် လက်တွဲလုပ်ကိုင်မှုနှင့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တက်ရောက်လာကြသူများမှ တရုတ်- မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုရေး၊ပညာရေး၊ ကုန်သွယ်ရေး၊ လျှပ်စစ်နှင့် ဆိုလာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်သူဇာဝင်း၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကယားပြည်နယ်၏ သင်္ကြန်ပွဲတော်၌ မြန်မာ့ရိုးရာသ နပ်ခါးလှယဉ်ကျေးမယ်ဆုချီးမြှင့်

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် သ င်္ကြန်ပွဲတော်တွင် သနပ်ခါးသင်္ကြန်မဏ္ဍပ်ထည့်သွင်း၍ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ဆပ်ကော်မတီက "မြန်မာ့ရိုးရာသနပ်ခါး လှယဉ်ကျေးမယ်"ပြိုင်ပွဲကိုကျင်းပခဲ့သည်။ ထိုသို့ ကျင်းပပြီးနောက် ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင် ဆုပေးပွဲကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့တက်ရောက်၍ ပထမဆုရရှိသည့် မသန့်ဟေသီစိုးအား ပြည်နယ်ဝန်ကြီးချုပ်၏ဘဇနီး၊ ဒုတိယဆုရရှိသည့် မမေဦးခင်အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ တတိယဆုရရှိသည့် မနန်းဆုမွမ်မွမ်ရှန်အား ဒေသကွပ်ကဲရေးမှူး၏ဇနီးတို့ကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ထမနဲသင်္ကြန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာထမနဲထိုးနေမှုကိုကြည့်ရှုအားပေးပြီး ပြည်သူများအား ထမနဲစတုဒိသာများပေးဝေ၍ လမ်း လျှောက်သင်္ကြန်အားပါဝင်ဆင်နွှဲခဲ့သည်။ ထို့အတူ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံကျောက်သားရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ကျင်းပသည့် ယိမ်းအကပြိုင်ပွဲတွင် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကိုကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအားဂုဏ်ပြုချီး...

AI အသုံးပြုပြီး Google Discover မှတစ်ဆင့် အန္တရာယ်ရှိသော သတိပေးချက်များ နှင့် လိမ်လည်မှုများကို ဖြန့်ဝေနေသည့် အကြီးစား ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်နေ

အခုဆိုရင် Google ရဲ့ Discovery feed ကို အသုံးချပြီး AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေကနေတစ်ဆင့် အန္တရာယ်ရှိတဲ့ notification တွေနဲ့ လိမ်လည်မှုတွေကို ဖြန့်ဝေနေတဲ့ အကြီးစား ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်နေပါတယ်။ Pushpaganda လို့ အမည်ပေးထားတဲ့ အဲဒီလုပ်ငန်းစဉ်ဟာ စိုင်ဘာတိုက်ခိုက်သူတွေက AI နဲ့ ရေးထားတဲ့ ဆောင်းပါးတွေ၊ လူစိတ်ဝင်စားအောင် လှည့်စားထားတဲ့ ခေါင်းစဉ်တွေပါတဲ့ ဝက်ဆိုဒ်အတုပေါင်း ၁၁၃ ခုလောက်ကို အရင်ဆုံး တည်ဆောက်တာနဲ့ စတင်ပါတယ်။ ပြီးတော့မှ အဲဒီဆောင်းပါးတွေကို Android...

သင်္ကြန်အတတ်နေ့အား ပျော်ရွှင်စွာဖြတ်သန်းနေသည့် ကော့ကရိတ်မြို့

နိုင်ငံရေးအခြေအနေများကြောင့် သင်္ကြန်ပွဲတော်ကျင်းပနိုင်ခြင်းမရှိသည်မှာ (၃)နှစ်ရှိပြီဖြစ်သော ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၌ ယခု ၂၀၂၆ ခုနှစ် သင်္ကြန်ပွဲတော်အားပြန်လည်ကျင်းပနိုင်ခဲ့ရာ ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင် ကော့ကရိတ်မြို့တွင်းရှိသင်္ကြန်မဏ္ဍပ်များ၊ စကခ (၁၂) တပ်နယ်မဏ္ဍပ်များ၌ ပျော်ရွှင်စွာရေကစားနေကြမှု၊ စတုဒိသာကျွေးမွေးလှူဒါန်းမှုမြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (အဆိုပါ သင်္ကြန်မဏ္ဍပ်များသို့ ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှလည်း ပြည်သူများနှင့်အတူ ပူးပေါင်းဆင်နွှဲခဲ့သည်။) Photo-ဒေါ်ခင်နီနီအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071