Thursday, June 25, 2026

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁...

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း...

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး...

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...
HomeInternationalတရုတ်နိုင်ငံမြောက်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ...

တရုတ်နိုင်ငံမြောက်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃၀ ဦးအထိရှိလာ

ပေကျင်း၊ဩဂုတ် ၆

ဩဂုတ်လ ၅ ရက်နေ့၌ ပေကျင်းမြို့အနီးရှိမြို့တစ်မြို့တွင် ‌ရေဘေးကြောင့်လူ ၁၀ ဦးသေဆုံးခဲ့ပြီး တရုတ်နိုင်ငံမြောက်ပိုင်းတွင် လတ်တလောရေကြီးမှုကြောင့် သေဆုံးသူ ၃၀ ဦးအထိဖြစ်လာခဲ့သည်ဟုအာဏာပိုင်များကဆိုသည်။

ပေကျင်းမြို့မှ ၁၅၀ ကီလိုမီတာအကွာတွင်ရှိ‌
သော ဘော့ဒင်းမြို့၌မူ ပျောက်ဆုံးနေသူ ၁၈ ဦးအထိရှိလာပြီဖြစ်ကြောင်းသိရသည်။ပြီးခဲ့သည့်သောကြာနေ့က တရုတ်ပြည်မကြီးကို ဝင်တိုက်ခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း‌ဒေါ့ခ်ဆူရီကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကစ၍အပြင်းထန်ဆုံးမိုးရွာသွန်းမှုဖြစ်‌စေခဲ့သည်။

ဩဂုတ်လ ၅ ရက်၊စနေနေ့တွင်လည်း လူပေါင်း ၁၁ ဒသမ ၅ သန်းအထိရှိသော ဘော့ဒင်းမြို့ခံများအနက် အန္တရာယ်ဖြစ်နိုင်သောနေရာများရှိ ဒေသခံပြည်သူ ၆၀၀,၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာသို့ ရွှေပြောင်းပေးခဲ့သည်ဟုသိရသည်။

အလားတူပင် ရေကြီးမှုနှင့်မြေပြိုမှုများသည် ဆက်စပ်နေသဖြင့် ရေကြီးမှုအတွက်လည်း အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားရသည်ဟုဆိုသည်။

တရုတ်နိုင်ငံသည် မကြာသေးမီလများအတွင်းက ပြင်းထန်သောရာသီဥတုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီး စံချိန်တင်အပူလှိုင်းဖြတ်ခြင်းအပြင် လူအသေအပျောက်များသည့် ရေကြီးခြင်းများအထိ ကြုံတွေ့ခဲ့ရသည်။

နိုင်ငံ့မြို့တော်ပေကျင်း၌ နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင်မိုးများခဲ့မှုကြောင့် သေဆုံးမှုနှင့်ပျောက်ဆုံးမှုပေါင်း ၁၄၇ ခုဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် ဇူလိုင်လကဖြစ်ပွားခဲ့သော ၁၄၂ ခုသည် ရေကြီးခြင်းနှင့်မြေပြိုခြင်းများကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံအရေးပေါ်စီမံခန့်ခွဲရေးဌာနကပြောကြားခဲ့သည်။

Source : AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁ လက်မကျော်နေ၊

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊ နောက် ၁ ရက်အတွင်း စိုး ရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်၂၅ရက် နံနက်ပိုင်းတွင် အသိပေးထားသည်။ အသိပေးချက်အရ နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်ထက် ပေဝက်ကျော် (၆ လက်မကျော်)အထိ မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေမည်ဟုဆိုထား...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဉီးမျိုးသန့် တိုက်တွန်း

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကို ဇွန် ၂၄ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် နိုင်ငံပိုင်ရုံးအဆောက်အဦးများ၊ အထူးအဆောက်အဦးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးစေရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့်...

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယမန်နေ့ က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မပျက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး၊ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့်ဥပဒေရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071