Thursday, July 10, 2025

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ်...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ...

ရူဘီယိုနှင့် လက်ဗရော့ဗ် ကွာလာလမ်ပူရ်တွင်တွေ့မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွေ့ဆုံမှုအဖြစ် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...
HomeInternationalတရုတ်နိုင်ငံတွင် အပ်ငွေပြန်လည်ရရှိရန်ဆန္ဒပြသည့်လူအုပ်ကြီးကိုလုံခြုံရေး နှင့်...

တရုတ်နိုင်ငံတွင် အပ်ငွေပြန်လည်ရရှိရန်ဆန္ဒပြသည့်လူအုပ်ကြီးကိုလုံခြုံရေး နှင့် ရဲများက အင်အားသုံး ဖြိုခွင်း

တရုတ်နိုင်ငံတွင် အပ်ငွေပြန်လည်ရရှိရန်ဆန္ဒပြသည့်လူအုပ်ကြီးကိုလုံခြုံရေး နှင့် ရဲများက အင်အားသုံး ဖြိုခွင်း

ဟောင်ကောင်၊ ဇူလိုင် ၁၁

ဇူလိုင်လ ၁၀ ရက်တနင်္ဂနွေနေ့၌တရုတ် အာဏာပိုင်များသည် ဘဏ်များတွင် အပ်နှံထားသောငွေ များကို ပြန်လည်ထုတ်ယူနိုင်ရန်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ငွေအပ်နှံသူ တစ်ထောင်ကျော်ကို အင်အားသုံးကာ ဖြိုခွဲခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ၌ တရုတ်အာဏာပိုင်များသည် တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန် ပြည်နယ်ရှိ ကျေးလက်ဘဏ်လေးခုမှ ဒေါ်လာသန်းပေါင်းများစွာသော အပ်ငွေဘဏ်အကောင့်များအားဝန်​ဆောင်မူရပ်နားထားသည်။ ငွေဆုံးရှုံးမည်ကို ပူပန်နေသော ငွေအပ်နှံသူများသည် လွန်ခဲ့သောနှစ်လကတည်းက ဟဲနန် ပြည်နယ်မြို့တော် ကျန်းဇို တွင် ဆန္ဒထုတ်ဖော်မှုများစွာ ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာများက မသိကျေးကျွန်ပြုခဲ့သည်။

ထို့ကြောင့် တနင်္ဂနွေနေ့၌ တရုတ်နိုင်ငံတစ်ဝှမ်းမှ ငွေအပ်နှံသူ တစ်ထောင် ကျော်သည် နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော ကျန်းဇို ဘဏ်ခွဲ၏ အပြင်ဘက်တွင် စုရုံးကာ အကြီးမားဆုံးသော ဆန္ဒပြမှုတစ်ရပ်ကို စတင်ခဲ့ကြောင်း ဆန္ဒပြသူများက CNN သို့ ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြလူအုပ်ကြီးသည် အာဏာပိုင်များကြားဖြတ်ဟန့်တားခြင်းကို ရှောင်ရှားရန်အတွက် နံနက်အစော ၄ နာရီကတည်းက ဘဏ်ရှေ့တွင် စုရုံးနေခဲ့ခြင်းဖြစ်သည်။

ရာနှင့်ချီသော ရဲများနှင့် လုံခြုံရေးများသည်လည်း လမ်းတစ်ဖက်တချက်၌ ဆန္ဒပြသူများအား စောင့်ကြည့်နေခဲ့သည်။ဆန္ဒပြသူများသည် လုံခြုံရေးများကို ရေဘူးခွံများ၊ ပစ္စည်းအသေးစားများနှင့် ပစ်ပေါက်ခဲ့သဖြင့်နံနက် ၁၁ နာရီတွင် ဆန္ဒပြသူများရှိရာ လှေကားပေါ်သို့ ရဲများ ရုတ်တရတ် ပြေးတက်လာပြီး ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကို ဘတ်စ်ကားများပေါ်သို့ ဆွဲတင်ခဲ့ပြီး မြို့အနှံ့ရှိ ယာယီ ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ခဲ့ကြောင်း ထို့နေရာသို့ ပို့ဆောင်ခံရသူများမှ သိရသည်။

ဒဏ်ရာရသူအချို့ကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့၍ အများစုကို ညနေပိုင်း၌ ထိန်းသိမ်းရေးစခန်းများမှ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့ည၌ ဟဲနန် ဘဏ်လုပ်ငန်းစည်းကမ်းထိန်းသိမ်းရေးက သက်ဆိုင်ရာဌာနများသည် ကျေးလက်ဘဏ် လေးခုရှိ ငွေအပ်နှံထားသူများ၏ ငွေကြေးဆိုင်ရာ အချက်အလက်များကို စစ်ဆေးနေပြီး မကြာမီကာလအတွင်း ထိုပြဿနာကို ဖြေရှင်းမည့် အစီအစဉ်တစ်ရပ်ကို ကြေငြာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Source: CNN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့ ပို့ဆောင်ပေးနေသည့် မြင်ကွင်း

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ ဖြစ်သည်။ စာရေးဆရာ မောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ၊ သုံးခွကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူသည် ရန်ကုန် တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်း ထွေလာရယ်စရာ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အခွန်စည်းကြပ်မည်

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားထံသို့ ပေးပို့သော မက်ဆေ့ချ်ပါ အခွန်နှုန်းအသစ်ကို သူ၏ Truth Social စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ဘရာဇီးလ်အနေဖြင့် ပြန်လည်လက်တုံ့ပြန်သည့် အခွန်များ တန်ပြန်စည်းကြပ်ရန် ဆုံးဖြတ်ပါက အမေရိကန်သည် ဘရာဇီးကုန်ပစ္စည်းများအပေါ် အခွန်နှုန်းထားကို ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး ဘရာဇီးလ်က သတ်မှတ်သည့် ပမာဏအတိုင်း လိုက်လံတိုးမြှင့်မည်ဖြစ်ကြောင်း ထရမ့်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071