Tuesday, January 13, 2026

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...
HomeNewsLocal Newsတရုတ်ဒုံးကျည်ငါးစင်း ဂျပန် EEZ...

တရုတ်ဒုံးကျည်ငါးစင်း ဂျပန် EEZ အတွင်းကျရောက်

တရုတ်ဒုံးကျည်ငါးစင်း ဂျပန် EEZ အတွင်းကျရောက်

တိုကျို၊ဩဂုတ် ၄

ကြာသပတေးနေ့တွင်တရုတ်ကပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်ငါးစင်းသည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်(EEZ ) အတွင်း ကျရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Nobuo Kishi က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် ဂျပန်နိုင်ငံ၏သီးသန့်စီးပွား‌ရေးဇုန်ထဲသို့ တရုတ်ဒုံးကျည်များ ပထမဆုံးအကြိမ် ကျရောက်လာခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကီရှီကပြောခဲ့သည်။

“ဂျပန်၏နိုင်ငံ‌တော်လုံခြုံရေး၊ပြည်သူများဘေးကင်းရေးနဲ့ပတ်သက်လို့ ဒီဆိုးရွားတဲ့ ကိစ္စကို ကျွန်တော်တို့ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်” ဟု လည်း၎င်းကပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုဆီ တိုင်ပေကိုလာရောက်ပြီးနောက် ထိုင်ဝမ်နားတစ်ဝိုက်တွင် တရုတ်နိုင်ငံက ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။တရုတ်သည် ညနေ ၃ နာရီမှစတင်ကာ ၄ နာရီနောက်ပိုင်းအထိ စုစုပေါင်း ၉ စင်း လွှတ်တင်ခဲ့ကြောင်း ဂျပန်ကအတည်ပြုခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ကမူ ယခုစစ်ရေးလေ့ကျင့်မှုအား “နိုင်ထက်စီးနင်းပြုခြင်း” ဟုခေါ်ဆိုခဲ့သည်။ “ဂျပန်အနေနှင့်လည်း သတိထားပြီးစောင့်ကြည့်သွားမည်” ဟု ကာကွယ်ရေးဝန်ကြီးကဆိုသည်။

ဂျပန် နိုင်ငံခြားရေးဒုဝန်ကြီး Takeo Mori က တရုတ်သံအမတ်ကြီး Kong Xuanyou အားခေါ်ယူတွေ့ဆုံကာ ဒုံးကျည်ပစ်လွှတ်မှုအပေါ်ကန့်ကွက်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းရပ်ရန်လည်းတိုက်တွန်းခဲ့သည်။

Source – Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ ၁၃ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကင်ညာနိုင်ငံသား(၅၉)ဦး၊ ယူဂန်ဒါနိုင်ငံသား(၂၀)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား(၁၃)ဦး၊ ကင်မရွန်းနိုင်ငံသား(၃) ဦး၊ ဂါနာနိုင်ငံသား(၃)ဦး၊ ဆီရီရာလီယွန်နိုင်ငံသား(၂) ဦး၊ လိုင်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ မာလာဝီနိုင်ငံ သား(၁)ဦးနှင့် ဘူရွန်ဒီနိုင်ငံသား(၁)ဦးတို့အား မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071