တရုတ်နိုင်ငံကနေ ကာကွယ်ဆေး တစ်သန်း ခုရက်သတ္တပါအတွင်း ရရှိနိုင်ရေး ချိတ်ဆက် လုပ်ဆောင်နေပြီး နောက်ထပ်ကာကွယ်ဆေး ၂၄ သန်းကိုလည်း ဝယ်ယူရရှိနိုင်ဖို့ နစက ကျန်းမာရေးဝန်ကြီးဌာနက ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
ကာကွယ်ဆေး၂၄သန်း စာချုပ်ချုပ်ဖို လုပ်ထားပေမယ့်၊ တရုတ်ဘက်က ဘယ်လောက်ရောင်းပေးနိုင်မလဲ ဆိုတာ မူတည်သေးတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
တရုတ်ဘက် ကသာ ကာကွယ်ဆေး ၂၄သန်းရဖို့ စာချုပ်ချုပ်ပေးမယ်ဆိုတာနဲ့ အသုတ်လိုက် ရရှိလာမယ့် ကိုဗစ်ဆေးအရေအတွက် ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အိန္ဒိယနိုင်ငံကနေ မြန်မာက ကိုဗစ်ကာကွယ်ဆေး သန်း ၃၀၀ယ်ထားတာကို လက်ရှိအချိန်အထိ ကာကွယ်ဆေး ၂သန်းသာရသေးတယ်လို့လည်း သိရပါတယ်။
အိန္ဒိယနိုင်ငံဆီ က မရသေးတာက အိန္ဒိယနိုင်ငံက သူ့နိုင်ငံရဲ့ မူဝါဒအရ ဘယ်နိုင်ငံကိုမှ ကာကွယ်ဆေး မရောင်းသေးတာကြောင့် မြန်မာက မရတာလို့ ကျန်းမာရေးဝန်ကြီးဌာန က ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်း ကပြောထားတာရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ ဒုတိယ အသုတ် တရုတ်နိုင်ငံ Sinovac ကာကွယ်ဆေး အလုံး ၁ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာတယ်လို့ သိရပါတယ်။