Wednesday, August 13, 2025

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်...

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP)...

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ...

ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းဖြင့်ယှဉ်ပြိုင်ရမည်

ယနေ့ ဩဂုတ် ၁၃ ရက် ည ၇ နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ASEAN Women's Championshipအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာ-ဖိလစ်ပိုင်အသင်းတို့...

မော်လမြိုင်မြို့ အဆင့်မြင့်ငါးဈေးသစ်တွင် အ​အေးခန်းစက်ရုံပါထပ်မံ တည်​ဆောက်မည်

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်မီးသွေးရုံလမ်း နှင့် ကမ်းနားလမ်းကြားတွင်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ပိုင် ရတနာထွန်းငါးဈေးသည် မြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ကမ်းနားလမ်းအဆုံးတွင် တည်ရှိပြီး အနံ့အသက်များထွက်ခြင်း၊ ရေခဲရေသုံးစွဲမှုများကြောင့်...
HomeInternationalတရုတ်ထောက်လှမ်းရေးမီးပုံးပျံ အတ္တလန္တိတ်သမုဒ္ဒရာသို့ရောက်စဉ် အမေရိကဘက်မှပစ်ချလိုက်ပြီဟုဆို

တရုတ်ထောက်လှမ်းရေးမီးပုံးပျံ အတ္တလန္တိတ်သမုဒ္ဒရာသို့ရောက်စဉ် အမေရိကဘက်မှပစ်ချလိုက်ပြီဟုဆို

နူးယော့ခ်၊ဖေဖော်ဝါရီ ၅

တောင်ကာရိုလိုင်းနားပြည်နယ်ကမ်းရိုးတန်းအနီးရောက်ရှိလာသော တရုတ်ထောက်လှမ်းရေးမီးပုံးပျံအား အောင်မြင်စွာပစ်ချလိုက်နိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့သည်။

အဆိုပါမီးပုံး ကို တရုတ်အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ ဗျူဟာမြောက်နေရာများကိုစောင့်ကြည့်ရန် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ဗုဒ္ဓဟူးနေ့တွင် သမ္မတဘိုင်ဒင်က အဆိုပါမီးပုံးပျံသွားရာလမ်းရှိ အမေရိကန်ပြည်သူများမထိခိုက်နိုင်ပါက ချက်ချင်းပစ်ချရန် အမိန့်ထုတ်ပြန်ခဲ့သဖြင့် ယခုကဲ့သို့ ပစ်ချလိုက်ရခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ယခုမစ်ရှင်အား ကနေဒါအစိုးရ၏ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုတို့ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်းဖော်ပြထားသည်။ပစ်ချလိုက်သည့်အရှိန်ကြောင့် အသေးစားပေါက်ကွဲမှုလေးသာဖြစ်ပွားခဲ့ပြီး မီးပုံးပျံပျက်ကျသွားသည်ကိုလည်း မီဒီယာများ၏ဗီဒီယိုဖိုင်များတွင်မြင်တွေ့နိုင်သည်။

ယခုမီးပုံးပျံဖြစ်ရပ်ကြောင့် ပေကျင်းသို့သွားရန်စီစဉ်ထားသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ခရီးစဉ်ကိုလည်းဖျက်သိမ်းလိုက်ပြီး မစ္စတာဘလင်ကန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား ယခုလုပ်ရပ်သည်လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် အမေရိက၏အချုပ်အခြာ အာဏာကိုထိပါးကာ နိုင်ငံတကာစည်းမျဉ်းကိုချိုးဖောက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

သို့သော်တရုတ်က မူ ယခုမီးပုံးသည် စစ်ရေးရည်ရွယ်ချက်ဖြင့်အသုံးပြုခြင်းမဟုတ်ပဲ မိုးလေဝသစူးစမ်းရေးအတွက်သာသုံးခြင်းဖြစ်သည်ဟု ပြန်လည်ချေပခဲ့သည်။

မည်သို့ဆိုစေ တရုတ်၏ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်းမသိရှိရသကဲ့ သို့ အဆိုပါကိစ္စနှင့်နီးစပ်သူများကမူ ယခုလုပ်ရပ်သည်အမေရိက၏ ဗျူဟာမြောက်နေရာများကိုစောင့်ကြည့်ရန်နှင့် ကန်နိုင်ငံ၏စောင့်ကြည့်တုံ့ပြန်နိုင်စွမ်းအား စမ်းသပ်လိုက်ခြင်းလည်းဖြစ်သည်ဟုပြောကြားခဲ့သည်။

Source : Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်ကာ ယနေ့ သြဂုတ် ၁၃ ရက်မွန်းလွဲပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ လေ့ကျင့်မှုကိုအထောက်အကူပြုမည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာများ၊ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် အားကစားနည်းများအလိုက် လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ လေ့ကျင့်ဆောင်ရွက်နေမှု၊  စံချိန်/ စံညွှန်းတိုးတက်မှု၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းလိုအပ်မှုများကို ပြည်ထောင်စုဝန်ကြီး ကဆွေးနွေးပြောကြားခဲ့သည်။ နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊...

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP) ဌာနေကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Michael Dunford နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးတို့ ယနေ့ ဩဂုတ် (၁၃)ရက်နေ့တွင်တွေ့ဆုံခဲ့သည်။ အမှန်တကယ်လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးကိစ္စရပ်များ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ သဘာဝဘေး၊ပြန်လည်ထူထောင်ရေးကိစ္စရပ်များ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်ဝန်းဖော်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)က တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းဖြင့်ယှဉ်ပြိုင်ရမည်

ယနေ့ ဩဂုတ် ၁၃ ရက် ည ၇ နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ASEAN Women's Championshipအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာ-ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွဲပြီးဆုံးချိန်တွင် တဖက် ၁ ဂိုးစီဖြင့် သရေ ရလာဒ်ထွက်ပေါ်ခဲ့သည်။ ယင်းအတွက် မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(ခ)တွင် ရှုံးပွဲမရှိဘဲ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ယခုလ ဩဂုတ်လ ၁၆ ရက်တွင် ထိုင်းအသင်းဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။ ယနေ့ ပွဲစဉ် ပထမပိုင်းပွဲချိန် ၃၃ မိနစ်တွင် တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071