Wednesday, February 19, 2025

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့်...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက်...

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊...

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊...

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို...
HomeInternationalတရုတ်ခရီးသွားများက ထိုင်းခရီးစဉ်များကို ဖျက်သိမ်းနေကြ

တရုတ်ခရီးသွားများက ထိုင်းခရီးစဉ်များကို ဖျက်သိမ်းနေကြ

ထိုင်းနိုင်ငံတွင် လုံခြုံရေးကို စိုးရိမ်‌နေရမှုများကြောင့် လာမည့်တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွက် တရုတ်ခရီးသွားအဖွဲ့များ၏ အစုအပြုံလိုက် ခရီးစဉ်ဖျက်သိမ်းမှုများကို ဟိုတယ်နှင့် လေကြောင်းလိုင်းများ က ကြုံတွေ့လာရသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဟောင်ကောင် သရုပ်ဆောင်အဆိုတော် Eason Chan သည် သူ့ဖျော်ဖြေပွဲသို့ လာရောက်မည့် တရုတ်ပရိသတ်များ၏ လုံခြုံဘေးကင်းမှုကို စိုးရိမ်ခြင်းကြောင့်ဆိုကာ ထိုင်းတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့သည်။ တဖန် ဟောင်ကောင်လုံခြုံရေးဗျူရိုသည် အရှေ့တောင်အာရှတွင် ၎င်းတို့နိုင်ငံသားများ အလိ–မ်အညာအလုပ်အကိုင်များဖြင့် မက်လုံးပေး ဖြားယောင်းခံနေရခြင်းကို စုံစမ်းထောက်လှမ်းရန် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသို့ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။

ဟောင်ကောင်မှ ခရီးသွားများ ထိုင်းနိုင်ငံတွင် လိ–မ်ညာလှည့်ဖြားခံရခြင်း သို့မဟုတ် ပြ-န်ပေးဆွဲခံရခြင်းမရှိကြောင်း ဟောင်ကောင်လုံခြုံရေးအရာရှိများက အတည်ပြုခဲ့သည်ဟု ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Natthriya Thaweevong က ပြောကြားခဲ့သည်။ ယင်းအဖြစ်မျိုးကြုံခဲ့ရသူများမှာ တောင်အာရှသို့ ကုန်စည်ပို့ဆောင်ရန် ငှားရမ်းထားသည့် နိုင်ငံသားများဖြစ်ပြီး သူတို့သည် ထိုင်းမှတဆင့် မြန်မာဘက်ခြမ်းသို့ ဝင်ရောက်ရန် သိမ်းသွင်းခံခဲ့ရသည်။

လစာများသော အလုပ်အကိုင်အခွင့်အလမ်းများကို မက်လုံးပေး၍ချဉ်းကပ်မှုများကို သတိထားကြရန် သူ့နိုင်ငံသားများကို ဟောင်ကောင်အာဏာပိုင်များက တိုက်တွန်းထားသည်ဟုလည်း သူက ပြောဆိုခဲ့သည်။

အဓိကအားဖြင့် တရုတ်ခရီးသွားအုပ်စုများကို ပစ်မှတ်ထားသော ခရီးသွားနေရာများရှိ ဟိုတယ်များ အထူးသဖြင့် ဘန်ကောက်ရှိ ဟိုတယ်များသည် ခရီးစဉ်ဖျက်သိမ်းမှုများနှင့် စတင်ကြုံတွေ့လာရသည်ဟု ထိုင်းဟိုတယ်အသင်း(THA) ဈေးကွက်ရှာဖွေရေး ဥက္ကဌ Prachoom Tantiprasertsuk က ပြောဆိုသည်။

ခရီးသွားကုမ္ပဏီများသည် ၎င်းတို့၏ ဟိုတယ်နှင့် လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုများကို ပယ်ဖျက်နိုင်ဆဲအနေအထားဖြစ်သောကြောင့် ခရီးသွားအဖွဲ့များအပေါ် သက်ရောက်မှုသည် ပိုမိုသိသာထင်ရှားလာသည်ဟု သူက ပြောကြားခဲ့သည်။

တရုတ်မင်းသား ဝမ်ရှင်းကို လူကု-န်ကူး သောဖြစ်ရပ် မတိုင်မီက ထိုင်းနိုင်ငံရှိ ဟိုတယ်များသည် တရုတ်နှစ်ကူးအားလပ်ရက်များအတွင်း အခန်းကြိုတင်မှာယူမှုများအားကောင်းခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ဒေသတိုင်းတွင် မြင့်မား ခဲ့သည်ဟု မစ္စ Prachoom က ပြောဆိုသည်။

ဘန်ကောက်ရှိ ဟိုတယ်များသည် တည်းခိုခနှုန်း ၇၀-၈၀ ရာခိုင်နှုန်းနှင့် ဖူးခက်ကဲ့သို့ အပန်းဖြေနေရာများသည် တည်းခိုခနှုန်း ၈၀-၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု သူက ပြောကြားခဲ့သည်။

Thai Lion Air လေကြောင်းလိုင်းမှ လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ Nuntaporn Komonsittivate က တရုတ်ခရီးသွားအဖွဲ့များသည် ခရီးစဉ်ဖျက်သိမ်းမှုကို အများအပြားလုပ်ထားခဲ့ကြသည်ဟု ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂ဝ၂၅)ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကကြား နီးနီးစပ်စပ်ပူးပေါင်းပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်မှသာ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှုတိုးတက်လာစေမည်ဖြစ်၍ မြေပြင်တွင် လက်တွေ့လုပ်ကိုင်နေသူများ၏ ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။ " အဓိကခံယူထားရမှာက အားလုံးဟာ နိုင်ငံ့အ ကျိုးအတွက်လုပ်ဆောင်နေကြတာဆိုတဲ့အသိနဲ့ လုပ်ငန်းတွေသွက်လက်မြန်ဆန်အောင် အ ကောင်အထည်ဖော်ပေးကြဖို့ပါ။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်ဖို့ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်တွေကို အားပေးကူညီမြှင့်တင်ပေးရပါမယ်"ဟု နစက...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက် တွန်း

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ဖြင့် တိုင်းတာပြီး GDP တွက်ချက်ရာတွင်လည်း နိုင်ငံ၏လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ကဏ္ဍကြီး(၃)ခုကို အခြေခံတွက်ချက်ကာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ်ထူထောင်ရာတွင် စိုက်ပျိုးမွေး မြူရေးအခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်သည်လည်း အရေးကြီးသည့်သွင်းအားစုများဖြစ်သည်ဟု ပြောသည်။ "...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊ ဘူတာစဉ် (၁၃) ဘူတာ မရပ်နားဘဲ ကြာမြင့်ချိန်လျော့ချလာ

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊ (၁၂) အစုန် အမြန်ရထားစဉ်ကို ယခင်က ရန်ကုန်ဘူတာကြီးမှ နံနက် (၅) နာရီထွက်ခွာ၍ မန္တလေးသို့ ည (၁၁) နာရီ (၄၅) မိနစ်တွင် ဆိုက်ရောက်ပြီး၊ ယခုအခါ ပြင်ဆင်လိုက်သည့် အချိန်အရ နံနက် (၆) နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ည (၆)နာရီ (၄၅)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071