သူသမ္မတရာထူး၌ ရှိနေချိန်ကာလအတွင်း တရုတ်နိုင်ငံကထိုင်ဝမ်ကိုမကျူးကျော်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ကို ပြောခဲ့ကြောင်း ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်သ်။
ယူကရိန်းစစ်ပွဲအရေးနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးပွဲမတိုင်မီ သောကြာနေ့က ဖောက်စ်သတင်းဌာနနှင့် အင်တာဗျူးတွင် ထရမ့်ပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ငါ ပြောမယ်၊ မင်းသိပါတယ်။ တရုတ်သမ္မတရှီ နဲ့ ထိုင်ဝမ်နဲ့ က အတော်တူတဲ့ အကြောင်းရှိတယ်ဆိုတာ။ ဒါပေမဲ့ ငါဒီမှာရှိနေသမျှတော့ ဒါက ဖြစ်လာမှာမဟုတ်ပါဗူး” ဟု ရှီက ဖောက်စ်နူးစ် special report ကို ပြောခဲ့သည်။
“ခင်ဗျားသမ္မတအဖြစ်ရှိနေသရွေ့ ဒါကိုလုံး၀မလုပ်ပါဘူးလို့ သူကငါ့ကို ပြောတယ်။ သမ္မတရှီက အဲဒီလိုငါ့ကိုပြောတာ၊ ငါက ကောင်းပါပြီ၊ ဒီအတွက် ကျေးဇူးတင်တယ်လို့ ပြောလိုက်တယ်။ သူက ထပ်ပြောသေးတယ်။ ကျွန်တော် အလွန်စိတ်ရှည်ပါတယ်၊ တရုတ်နိုင်ငံက အလွန်သည်းခံစိတ်ရှိပါတယ်” ဟု ပြောခဲ့ကြောင်း ထရမ့်ပ်က ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုမှုကို ဝါရှင်တန်ရှိ တရုတ်သံရုံးက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိပေ။
ထရမ့်ပ်နှင့် ရှီတို့သည် ထရမ့်ပ်၏ ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် ဇွန်လအတွင်းက ပထမဆုံးဖုန်းပြောဆိုခဲ့ကြောင်း အတည်ပြုထားသည်။ ထို့အပြင် ရှီက သူ့ကို ဖုန်းခေါ်ခဲ့ကြောင်း ဧပြီလအတွင်းကလဲ ထရမ့်ပ်က ထုတ်ဖော်ပြောဆိုထားသော်လဲ ဘယ်အချိန်ကခေါ်ဆိုခဲ့ကြောင်းကိုမူ အတိအကျပြောဆိုခဲ့ခြင်း မရှိပေ။
ref: သည်ဂါးဒီးယန်း
