ဟနွိုင်း၊ ဧပြီ ၁၅
ဟနွိုင်းလေဆိပ်သို့ မနေ့ကမှ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန်သည် ဗီယက်နမ်နှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်မည့် ၎င်း၏ ခရီးစဉ်ကို ဧပြီလ ၁၅ ရက် စနေနေ့တွင် စတင်လိုက်ပြီဖြစ်သည်။
အမေရိကသည် ပေကျင်းက ထိုင်ဝမ်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်လာလျှင် အချိန်မရွေး ဟန့်တားနိုင်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ကာ အင်ဒို-ပစိဖိတ် ဒေသအတွင်း ခြေကုပ်ယူရန် ကြိုးပမ်းလာနေသည်။
သို့ဖြစ်၍ ဘလင်ကန်သည် ဗီယက်နမ်သို့ အမေရိက၏ ထိပ်တန်း သံတမန်အဖြစ် ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရွန် နှင့် ဝန်ကြီးချုပ် ပန်မင်းချင်း တို့ အပါအဝင် အခြားသော အကြီးတန်း အရာရှိများနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။
ထို့ပြင် ဘလင်ကန်သည် ဟနွိုင်းမြို့ရှိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ တန်ကြေးရှိသော အမေရိကန် သံရုံးဝင်းအသစ်၏ ပန္နက်တင် အခမ်းအနား သို့ တက်ရောက်သွားမည် ဖြစ်သည်။
အမေရိကဘက်က ထိုသို့သော ချဉ်းကပ်မှုများ ပြုလုပ်လာသော်လည်း ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအဖို့ စစ်အင်အား သာလွန်ရုံသာမက အဓိကကုန်သွယ်ဖက်ပါ ဖြစ်နေသော တရုတ်အား ဆန့်ကျင်ရန်အတွက် ဝန်လေးနေကြသည်။
အထူးသဖြင့် ရုရှားနှင့် ဆက်ဆံရေး ပိုမိုအားကောင်းလာနေသော တရုတ်အား ၄င်းအ ပေါ် အမြင်စောင်းစေမည့် အရာများကို ဗီယက်နမ်အနေဖြင့် အတတ် နိုင်ဆုံး ရှောင်ရှားချင်မည်မှာ အမှန်ပင်ဖြစ်သည်။
Source:CNA
