Saturday, May 30, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...

ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်...

နိုင်ငံတကာအဆင့် ဩဇာအာဏာနှင့်သံတမန်ရေးရာ ဗျူဟာများပါဝင်နေမည့် မြန်မာ -အိန္ဒိယ "မဟာဗျူဟာမြောက် တွေ့ဆုံမှုကြီး" အတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့သည် ဒေလီမြို့သို့...
HomeNewsLocal Newsတရားဥပဒေစိုးမိုးမှုသည် ဖွံ့ဖြိုးရေး၏အခြေခံအုတ် မြစ်ဖြစ်

တရားဥပဒေစိုးမိုးမှုသည် ဖွံ့ဖြိုးရေး၏အခြေခံအုတ် မြစ်ဖြစ်

တရားဥပဒေစိုးမိုးမှုသည် ဖွံ့ဖြိုးရေး၏အခြေခံအုတ် မြစ်ဖြစ်သည်ဟု ယနေ့ မတ် ၁၃ ရက်ကကျင်းပသည့် မြန်မာ့မျက်နှာစာသစ်နှစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု)အခမ်းအနားတွင် နိုင်ငံ တော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံသည်တည် ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လူ့စွမ်းအားအ ရင်းအမြစ်ဖွံ့ဖြိုးမှု၊ အခြေခံအဆောက်အအုံများတည် ရှိမှုတို့ပင်ဖြစ်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အ ခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို မိမိတို့ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပြောသည်။

” တရားဥပဒေစိုးမိုးမှသာ တရားမျှတမှုနဲ့ လူမှုဝန်းကျင်တည်ငြိမ်မှုရှိမှာဖြစ်သလို တရားဥပဒေစိုးမိုးမှုဟာ ဖွံ့ ဖြိုးရေးရဲ့အခြေခံအုတ်မြစ်လည်းဖြစ်တဲ့အတွက် မိမိတို့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေးကို တစ်ဖက်က ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ အခြားတစ်ဖက်ကလည်း ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာရေးအတွက် လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုကိုဆောင်ရွက်မှသာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးမြင့်တက်လာမည်ဟု ပြောသည်။

” နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အပြင် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ဖို့လည်း မလွဲမသွေလိုအပ်ပါတယ်။ အခြေခံအ ဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ် မှု၊ လမ်းပန်းဆက်သွယ်မှု၊ ဒေသတစ်ခုနဲ့တစ်ခု ကွန် ရက်ချိတ်ဆက်နိုင်မှု၊ ဒီဂျစ်တယ်ဆက်သွယ်ရေးစနစ် အားကောင်းမှုတို့သည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးရေး၊ ကုန် ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတိုးတက်ရေးတို့အတွက် အခရာကျတဲ့လိုအပ်ချက်တွေဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

၎င်းတို့ ပိုမိုတိုးတက်ကောင်းမွန်ရန် နိုင်ငံတော်အစိုးရတစ်ခုတည်းကဆောင်ရွက်၍မရဘဲ ဒေသခံများ၊ အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကာ အစိုးရကတည်ဆောက်အကောင်အထည်ဖော်ပေးရမည်ဖြစ်ပြီး ဒေသခံအားလုံးက မပျ-က်စီး၊ မပျောက်ပျက်အောင် ၊ မသမာသူများ၏ ဖျ-က်ဆီးမှုမခံရအောင် ဝိုင်းဝန်း ထိန်းသိမ်းရန်လိုသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဖူးမြှော်

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ ဆရာတော်၊ သံဃာများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် မြတ်စွာဘုရားရှင်၏ ဘဝအလှည့်အပြောင်းနှင့် ဆက်နွယ်သည့် သာသနာရေးဆိုင်ရာအထိမ်းအမှတ်နေရာဖြစ်သော သုဇာတာကျောင်းတော်နှင့် သုဇာတာအိမ်နေရာစေတီကုန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ သုဇာတာကျောင်းတော်သည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာအနီး ဆေနာနိဂမ်ကျေးရွာအနီးတွင်တည်ရှိကာ မြတ်စွာဘုရားရှင်၏ သာသနာရေးသမိုင်းနှင့်ဆက်နွယ်သော အရေးပါသည့်ဘုရားဖူးနေရာတစ်ခုဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗောဓိဉာဏ်တော်မရရှိမှီ အလွန်ပြင်းထန်သော တရားကျင့်စဉ်ကာလအတွင်း ခန္ဓာကိုယ်အားနည်းနေစဉ် သုဇာတာအမည်ရှိ...

ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။ နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။ ဗုဒ္ဓဂါယာသို့ နိုင်ငံ့ခေါင်းဆောင်များသွားရောက်ဖူးမြော်ခြင်းသည် ဘာသာရေးဆိုင်ရာအရေးပါမှုအပြင် မြန် မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးမြှင့်တင်ရေးအတွက်လည်း အထူးအဓိပ္ပာယ်ရှိသည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိပြီး ဂေါတမဗုဒ္ဓသည် ဗောဓိပင်အောက်တွင် သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့၍ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အ မြတ်ထားရာသမိုင်းဝင်ဘုရားဖူးဒေသဖြစ်ကာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်တော်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ၏ယုံကြည်ကိုးကွယ်ရာ အ ထင်ကရနေရာများဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071