ဝါရှင်တန်၊ဇန်နဝါရီ ၂၇
အမေရိကန်တရားရေးဌာန (DOJ) သည် သမ္မတဒေါ်နယ်ထရမ့်ပ်က်ု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ပတ်သက်ခဲ့သောအရာရှိများကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။
ယခုအလုပ်ထုတ်ခံရသူများသည် ထရမ့်ပ်က ၂၀၂၀ မဲရလဒ်အပေါ်ငြင်းခုံကာ ၎င်းအားထောက်ခံသူများနှင့်အဓိကရုဏ်းဖြစ်ခဲ့ရသည့် ဇန်နဝါရီ ၆ အရေးနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့သည့် အထူးအကြံပေးဂျက်စမစ်၏ စုံစမ်းရေးအဖွဲ့ဝင်များလည်းဖြစ်သည်။
စမစ်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များထဲမှ ဝန်ထမ်းပေါင်း တစ်ဒါဇင်ကျော်ကို တရားရေးဌာနက အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း အေဘီစီ သတင်းဌာနကဖော်ပြခဲ့သည်။
ထရမ့်ပ်သည် ဘိုင်ဒင်အစိုးရ၏တရားရေးဌာနကို အာဏာချုပ်ကိုင်ရန်ကြိုးစားသည်ဟုတောက်လျှောက်စွပ်စွဲနေခဲ့ခြင်းဖြစ်ပြီး ယင်းအချက်ကိုတုန့်ပြန်မည်ဟုလည်း မဲဆွယ်ကာလက ကတိပြုပြောကြားခဲ့သည်။
ထရမ့်ပ်၏ကျမ်းကျိန်ပွဲမတိုင်မီရက်အနည်းငယ်ကပင် ထရမ့်ပ်အမှု၏ အဓိကစုံစမ်းစစ်ဆေးသူဂျက်စမစ်ကနှုတ်ထွက်စာတင်ခဲ့သည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ
