ပေကျင်း၊ဖေဖော်ဝါရီ ၂၄
တရုတ်တရားရုံးသည် နယ်စပ်ဖြတ်ကျော် တယ်လီကွန်းလိမ်လည်မှုကိစ္စများတွင် အဓိကကျသူ ၄ ဦးကို ထောင်ဒဏ်တစ်သက် တကျွန်းချမှတ်ခဲ့ကြောင်းတရားရုံးချုပ်ကပြောကြားခဲ့သည်။
၎င်းတို့လေးဦးလုံးသည် တရုတ်ပြည်မှထွက်ခွာပြီး တယ်လီကွန်းလိမ်လည်မှုဂိုဏ်းများဖွဲ့စည်းကြခြင်းဖြစ်သည်။ မျိုးရိုးအမည် ယု ပါသော တရားခံသည် ရာဇဝတ်မှုများကို ကျူးလွန်ရန်လူစုကာ နိုင်ငံခြားသို့ခေါ်ခဲ့သူလည်းဖြစ်သည်ဟုသိရသည်။
မျိုးရိုး အမည် ယန် ဖြစ်သော တရားခံ နောက်တစ်ဦးသည် ပထမတစ်ကြိမ်ကလည်း တယ်လီကွန်းလိမ်လည်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးသဖြင့် ယခုတစ်ကြိမ်တွင် ပိုမိုပြင်းထန်စွာအပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးချုပ်ကပြောသည်။ နောက်နှစ်ဦးသည် တယ်လီကွန်းပြစ်မှုများကို ကျူးလွန်ရန် အရွယ်မရောက်သေးသူ လူငယ်များကို လူသစ်စုဆောင်းခဲ့သည်။ သူတို့သည် ကြံရာပါများသာ ဖြစ်ပြီး ပြစ်မှုများကို ဝန်ခံထားသော်လည်း ပြင်းထန်သည့် ပြစ်ဒဏ်များကိုချမှတ်ခြင်းခံများရသည်။ တရားရုံးက ငွေများကိုလည်း ပြန်လည်ပေးအပ်ရန်အမိန့်ချခဲ့ပြီး ငွေကြေးဆုံးရှုံးခဲ့သူများသည် နိုင်ငံ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ငွေများကို အမြန်ပြန်ရရှိစေရမည် ရုံးတော်က အာမခံသည်။
Source : ရှင်းဟွာ
