တပ်မတော် တိုက်လေယာဉ်တစ်စီးသည် ဇူလိုင် ၁ ရက် ညအချိန်တွင် ခရီးဝေးလေ့ကျင့်ပျံသန်းစဉ် အဆက်သွယ်ပြတ်တောက် ပျောက်ဆုံးနေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက် ညအချိန်တွင် ခရီးဝေးလေ့ကျင့်ပျံသန်းစဉ် နေပြည်တော် အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရုတ်တရက်ရာသီဥတုဆိုးရွားမှုကြောင့် ရေဒါမြင်ကွင်းကပျေ-ာက်ကွယ်၍ အဆက်အသွယ်ပြတ်တောက်လျက်ရှိသည်ဟု သိရသည်။
ပျေ-ာက်ဆုံးအဆက်သွယ်ပြတ်နေသော တိုက်လေယာဉ်အမျိုးအစားကိုမူ ထုတ်ပြန်ထားခြင်းမျိုးတော့မရှိသေးပေ။
လက်ရှိတွင် ပဏာမစစ်ဆေးချက်အရ စက်ချို့ယွင်းမှု သို့မဟုတ် ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်နိုင်ကြောင်း ယေဘုယျ မှတ်ချက်ချပြီး ဆက်သွယ်မှုပြတ်တောက်ရာ နေရာတဝိုက်သို့ ရာသီဥတုဆိုးရွားလျက်ရှိသော်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ရှာဖွေနေသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
