Wednesday, December 17, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို...

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...
HomeNewsLocal Newsတပ်မတော်နေ့အခမ်းအနားတက်ရောက်မည့် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို...

တပ်မတော်နေ့အခမ်းအနားတက်ရောက်မည့် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို တပ်ချုပ်နှင့်ဇနီးတို့ဦးဆောင်၍ ဂါရဝပြုကန်တော့

နေပြည်တော်၌ မနက်ဖြန် မတ် ၂၇ ရက်တွင်ကျင်းပမည့် နှစ်(၈ဝ)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်မည့် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ဦးဆောင်၍ ဂါရဝပြုကန်တော့ခဲ့ကြသည်။

အဆိုပါ အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဂါရဝပြုကန်တော့ပွဲအခမ်းအနားအား ယနေ့ မတ် ၂၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမဆောင်၌ကျင်းပရာ အငြိမ်းစားတပ်မတော်အရာရှိကြီး(၁၅)ဦးနှင့် ဇနီး(၆)ဦးတို့ကန်တော့ခံတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစတင်၍ တပ်မတော်သည်တိုင်းပြည်အတွက်ဖြစ်ရမည်ဆိုသည့်စိတ်ဖြင့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကာ တပ်မတော်သည် နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူလူထု၏အစိတ်အပိုင်းများဖြစ်ရာ ပြည်သူလူထု၏အကျိုး၊ နိုင်ငံတော်၏အကျိုးကိုတာဝန်ယူဆောင်ရွက်ရမည်ဟု ပြောသည်။

ထို့ပြင် တပ်မတော်သည် ပြည်ပကျူးကျော်မှုကို ကာကွယ်ရေး၊ ပြည်တွင်းဆူပူသောင်းကျန်းမှုကို တားဆီးရေးတို့သာမက အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုတို့မပျောက်ပျက်ရေးတို့ကိုပါ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးလျက်ရှိ၍ တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများကိုသင်ခန်းစာယူပြီး ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများကို အကောင်းဆုံးဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့အတူ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်၍ ယခုနှစ်ကုန်ကာလတွင် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရရှိသည့်ပါတီအား နိုင်ငံတော်၏တာဝန်များကို စနစ်တကျပြန်လည်လွှဲပြောင်းပေးသွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးများကို ဂါရဝပြုကန်တော့ခဲ့ကြပြီး ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများ(ကိုယ်စား) ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ဒု-ဗိုလ်ချုပ်ကြီးအောင်ထွေးတို့က သြဝါဒစကားများပြောကြားခဲ့ကြသည်။

ထိုသို့ သြဝါဒစကားများပြောကြားပြီးနောက် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျဂါရဝပြုပေးအပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့ ၌ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ခဲ့ပြီဖြစ်တဲ့ ဟာသလူရွှင်တော် ညောင်ညောင်

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။ ညောင်ညောင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး မကြာသေးခင်ကမှ ကျန်းမာရေး ပြန်ကောင်းလာတဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ဖို့ စတင်ကြိုးစားနေချိန်မှ အခုလို စိတ်မကောင်းစရာ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ညောင်ညောင် ကွယ်လွန်တဲ့ သတင်းကို အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ လွင်မိုးက 'ကိုညီရေ . . . .ဒီတစ်ခါတော့ တကယ်နှုတ်ဆက်သွားပြီပေါ့။ သံသရာတစ်ကွေ့...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071