တပ်မတော်က KNPP၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များထိန်းချုပ်ထားသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းအား ဇူလိုင် ၁၁ ရက်ကပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများမှာ ယင်းလမ်းကြောင်းကိုအသုံးပြု၍ ပုံမှန်အတိုင်းပြန်လည်သွားလာလျက်ရှိသဘ်။
ဖယ်ခုံမြို့နယ်အား လက်နက်ကိုင်အဖွဲ့များယာ ယီထိန်းချုပ်ထားစဉ် ဆေးရုံ၌ဘန်ကာများပြုလုပ်၍ ခံစစ်တံတိုင်းပြုလုပ်ခြင်းကြောင့် အပျ-က်အစီးများဖြစ်ပေါ်နေသည့် မိုးဗြဲပြည်သူ့ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရန် တပ်ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများကသန့်ရှင်းရေးဆောင်ရွက်နေကြောင်း သိရသည်။
ဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ဇူလိုင် ၁၇ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဖယ်ခုံမြို့နယ်၊ အားကစားကွင်း၌သန့်ရှင်းရေးဆောင်ရွက်နေမှု၊ လုမယ်တော်ဂူကျောင်းအတွက် အလှူငွေ၊ ဖယ်ခုံမြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာတော်များ၊ နတ်တောကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်၊ ပင်လောင်းမြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ဆရာတော်နှင့် ပင်လောင်းမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များအားဖူးမျှော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖယ်ခုံ-ပင်လောင်း ကားလမ်းဝဲယာရှိ ခြုံနွယ်ပိတ်ပေါင်းများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေသည်။
