Saturday, June 13, 2026

နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ နိုင်ငံတော်သမ္မတက မဟော်ဂနီပင်ကို...

နိုင်ငံတော်အဆင့် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန် ၁၃ ရက်က နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ တစ်ရက်တည်း/တစ်ချိန်တည်းစိုက်ပျိုးခဲ့ကြကြောင်း...

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂...

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား...

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊...
HomeNewsLocal Newsတပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး...

တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး နဝင်းချောင်းရေ မြင့်တက်ကာ ချောင်းနဘေးရှိ ကျေးရွာအများအပြား ရေကြီးနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နဝင်းချောင်းရေ မြင့်တက်ပြီး တောင်ကျ ချောင်းရေများလည်း ကျဆင်းလာရာ အနီးနားဝန်းကျင်ရှိ ကျေးရွာအများအပြား ရေကြီးနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရပြီးအရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း ဒေသခံများက အကူညီတောင်းခံနေကြသည်။

တပ်ကုန်းမြို့ပေါ် ရပ်ကွက်များ အပြင် နဝင်းချောင်းဘေးရှိ ရွေးစုရွာ၊ ရှောက်ကုန်းရွာ၊ လက်ပံကုန်းရွာ၊ ကင်းသာရွာ၊ မန်ကျည်းပင်ရွာ၊ ချောင်းခွရွာ၊ အပါအဝင် ကျေးရွာအများအ ပြား ရေကြီးနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

“ရေကြီးနေပါပြီဗျာ။ အကုန်မြုပ်ကုန်ပါပြီ။ အိမ်ကနွားတွေဆိုလည်း အကုန်လွှတ်ပေးလိုက်ရတာ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။ နဝင်းချောင်းရဲ့ နဘေးမှာရှိတဲ့ ရွာတွေအကုန် လုံးနီးပါး ရေကြီးနေတာ။အမြန်ဆုံးကူညီကယ်ဆယ်ပေးကြ ပါဦးခင်ဗျာ”ဟု တပ်ကုန်းမြို့နယ် ညောင်ကိုင်းအုပ်စု ရွေးစုကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

နေပြည်တော် တပ်ကုန်းမြို့တွင် ရေကြီးမှု အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်နေရပြီး ရေမှာ ဆက်လက် မြင့်တက်လျက်ရှိရာ ဒေသခံများ နယ်မြေခံ ကယ်ဆယ်ရေးအဖွဲ့များလည်း ပိတ်မိနေကြကြောင်း သိရသည်။

“ပိတ်မိနေတဲ့ သူတွေရဲ့ အကူအညီတောင်းမှုတွေက အများကြီးပဲ။ အသက်အန္တရာယ်တွေ ဖြစ်နိုင်တဲ့ထိ ရေကြီးနေတာ နယ်မြေခံ ကယ်ဆယ်ရေးအဖွဲ့တွေပါ ပိတ်မိနေတာ။ အဆင်ပြေတဲ့အဖွဲ့တွေ အရေးပေါ်ကယ်ဆယ်ရေးတွေ ထွက်ပေးကြပါလားဗျာ”ဟု လူမှုကူညီရေး အဖွဲ့ဝင် တစ်ဦးက အကူညီတောင်းခံထားသည်ကို တွေ့ရသည်။

ထို့ပြင် ရမည်းသင်း၊ တပ်ကုန်း ဆည်ကျိုးသည်ဟု သတင်း ထွက်ပေါ်နေပြီး နေရာတော်တော်များ ရေမြုပ်နေကာ မြေပြိုကျပြီး ရန်ကုန် – မန္တလေး လမ်းဟောင်း နေရာတော်တော်များများ ရေမြုပ်နေရာ ကားလေးများ လမ်းဟောင်းမှ ခရီးမသွားသင့်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

ယင်းအပြင် တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ စန္ဒိမာရာမ ပရိယတ္တိကျောင်းတိုက် အပါအဝင် အခြားဘုန်းတော်ကြီးကျောင်းများတွင်လည်း ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“ကျောင်းထဲ ရေတွေနစ်မြုပ်နေပါတယ်။ ကျောင်းရှိ သံဃာတွေကတော့ ဆွမ်းခံသွားရင်း ပြန်မလာနိုင်တော့ပါဘူး။ ကျောင်းမှာ ကျန်နေခဲ့တဲ့ ဦးဇင်းကြီး တစ်ပါးရယ် ကျောင်းသား တစ်ယောက်ရယ် အပြင်လွတ်တဲ့ နေရာကို ထွက်သွားပါပြီ။ ကျောင်းကတော့ လောလောဆယ် အောက်ထပ်တွေ အကုန်မြုပ်သွားပါပြီ။ ရေက မျက်နှာကျက်ကို ခိုက်နေပါပြီ။ မနက် (၆) နာရီက စပြီး ကျောင်းဝန်းထဲကို ရေတွေဝင်လာတာ မိုးကအဆက်မပြတ်ရွာနေဆဲပဲ။ သောက်သုံးရေရဖို့အတွက် ရေခံထားရပါတယ်။ဆွမ်းစားကျောင်းလည်း မြုပ်သွားပါပြီ။ လောလောဆယ်တော့ ဘယ်မှာနေကြတယ်မသိပါဘူး။ အမိုးပေါ်ပဲ တက်နေကြမယ်နဲ့ တူပါတယ်”ဟု စန္ဒိမာရာမပရိယတ္တိကျောင်းတိုက်မှ ဦးဇင်း တစ်ပါးမှ မိန့်ကြားထားသည်။

ထို့အပြင် တပ်ကုန်းမြို့ရှိ ကုတင် (၁၀၀)နှင့် မကျည်းပင်ရွာတို့တွင် ရေနစ်မြုပ်နေ၍ ပိတ်မိနေသူများရှိနေရာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် လှေလိုအပ်နေကြောင်းလည်း မိုးစေတနာပရဟိတအသင်း ပျဉ်းမနားရုံးနှင့် ကရုဏာရှင်လူမှုကူညီရေးအသင်းတို့က ဆိုထားသည်။

ထိုသို့ ရေကြီးနစ်မြုပ်မှု အဆိုရွားဆုံး ရင်ဆိုင်ကြုံတွေ့နေရသည့် တပ်ကုန်းမြို့ အနီးတဝိုက် ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရန် မန္တလေးမြို့မှ လူမှုကူညီက ယ်ဆယ်ရေးအဖွဲ့များမှလည်း သွားရောက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ နိုင်ငံတော်သမ္မတက မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုး

နိုင်ငံတော်အဆင့် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန် ၁၃ ရက်က နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ တစ်ရက်တည်း/တစ်ချိန်တည်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ နေပြည်တော်၌ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက် ၍ မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။ ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သစ် ပင်စိုက်ပျိုးပွဲတော်(၇၅)ပွဲတွင် အပင်ပေါင်း (၅၄,၈၁၀)ပင်ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်ခန်းမဆောင်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်းမာရေးဝန်ထမ်းများကသွေးလှူဒါန်းမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေးအမျိုးအစားခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြုမှတ်တမ်းတင်နေမှုတို့ကိုကြည့်ရှုပြီး သွေးလှူရှင်များကိုအာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထို့အတူ အထွေထွေရောဂါ၊ ကလေးကျန်း မာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး၊ အကြောရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊  လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော်စသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071